Sunday, December 13, 2015
Wednesday, December 9, 2015
အပြောင်းအလဲအတွက် အစိုးရသစ်နှင့် လက်တွဲလုပ်ဆောင်ရန် KNU ဒုဥက္ကဋ္ဌ တိုက်တွန်း
၂၀၁၅ခုနှစ်။ စောသိန်းမြင့်
မြန်မာပြည်သူလူထုများ လိုလားတောင်းတသည့် နိုင်ငံရေးအပြောင်းအလဲအတွက် မကြာခင်အစိုးရသစ် ဖြစ်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့(NLD)ပါတီနှင့် ပူးပေါင်းလုပ်ဆောင်ရန် နိုင်ငံရေးအဖွဲ့အစည်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ကရင်အမျိုးသားအစည်းရုံး(KNU) ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်က ဒီဇင်ဘာ ၇ရက်နေ့တွင် တိုက်တွန်းပြောဆိုလိုက်သည်။
၎င်းက “နိုင်ငံရေးအဖွဲ့အစည်းဖြစ်စေ၊ နိုင်ငံရေးပါတီဖြစ်စေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ၊ ပြည်သူတွေ မျှော်လင့်တောင်းတတဲ့ ဒီနိုင်ငံရေး အခြေအနေကို ပြောင်းလဲဖို့အတွက် အခုတက်လာမယ့် အစိုးရသစ်နဲ့ပူးပေါင်းပြီး လုပ်ဆောင်ကြရမယ်။ ပြည်သူတွေကတော့ တိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ဆုံးဖြတ်ခဲ့ပြီ။ ဒါတွေကို ကျမတို့ မြင်တတ်ဖို့ လိုပါတယ်။״ဟု ကေအိုင်စီသို့ သီးသန့်ပြောဆိုသည်။
 
လက်ရှိအုပ်ချုပ်နေသည့် အစိုးရအနေဖြင့်လည်း ပြည်သူများ လိုလားတောင်းတသည့်ဆန္ဒအတိုင်း အစိုးရသစ် ဖြစ်လာမည့် NLD ပါတီထံ အာဏာလွှဲပြောင်းပေးမှုကို ချောချောမွေ့မွေ့ လုပ်ဆောင်ရန် လိုအပ်သည့်အပြင် အုပ်ချုပ်ရေးပိုင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရသစ်နှင့်ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း ပဒိုနော်စီဖိုးရာစိန်က ဖြည့်စွက်ပြောဆိုသည်။
၎င်းအပြင် ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သော နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က NLD အနိုင်ရရှိခဲ့မှုအပေါ် လွှတ်တော်အတွင်း တိုင်းရင်းသားအရေး ပြောဆိုဆွေးနွေးမှုများ အားနည်းသွားမည်ကို စိုးရိမ်မှုများရှိသော်လည်း NLD အနိုင်ရရှိမှုသည် စစ်အာဏာရှင် ကျဆုံးရေးအတွက် ကြီးမားသည့် အပြောင်းအလဲတစ်ခုဖြစ်ကြောင်းကို ဦးစွာ မြင်တတ်ရန် လိုအပ်သည်ဟု ပဒိုနော်စီဖိုးရာစိန်က ထပ်လောင်းပြောဆိုသည်။
ထိုကဲ့သို့ တိုက်တွန်းခြင်းအပေါ် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “သူတို့(NLD)က အာဏာရလာတဲ့အတွက် တို့ကို ပါခွင့်ပေးပါလို့ ဘယ်လိုနည်းနဲ့မှ သွားပြောခွင့် မရှိဘူးလေ။ ဖလုံ-စဝေါ်ပါတီက လာရောက်ပြီးတော့ နိုင်ငံတော်ကို စီမံခန့်ခွဲတဲ့ နေရာမှာ၊ ပြုပြင်ဖန်တီးတဲ့နေရာမှာ ၀ိုင်းဝန်းကူညီပါလို့ ဖိတ်ခေါ် ရင်တော့ အဆင်သင့်ပဲ။ အမျိုးသား ရင်ကြားစေ့ရေးရယ်၊ တိုင်းရင်းသားအရေးကိုလည်း မေ့ထားလို့ မဖြစ်ဘူး ဆိုတဲ့ဟာပေါ့လေ။ အဲဒီအမြင်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း မြင်တယ်လေ။ မောင်ကျော်(ဦး)တို့ တိုင်းရင်းသားအနေနဲ့က အဲဒီ အယူအဆကို ထောက်ခံတယ်။״ဟု ပြောသည်။
နိုဝင်ဘာ ၈ရက်နေ့က ကျင်းပသည့် ၂၀၁၅ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ လွှတ်တော်၂၅၅နေရာ၊ အမျိုးသားလွှတ်တော် ၁၃၅နေရာ၊ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် ၄၇၆ နေရာနှင့် တိုင်းရင်းသား လူမျိုးစုလွှတ်တော် ၂၁နေရာ စုစုပေါင်းအမတ်နေရာ ၈၈၇ နေရာအနိုင်ရရှိ၍ အစိုးရဖွဲ့နိုင်ခြင်း ဖြစ်သည်။ လက်ရှိ အစိုးရ သက်တမ်းကို လာမည့်နှစ် ၂၀၁၆ ဇန်န၀ါရီလ ၃၁ရက်နေ့တွင် သက်တမ်းကုန်ဆုံး မည်ဖြစ်ကာ NLD အနေဖြင့် လာမည့် ဖေဖော်ဝါရီ ၁ရက်နေ့တွင် အစိုးရသစ်ဖြစ်လာမည်ဖြစ်သည်။
KNU ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်သည် ၂၀၁၅ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည့်အထိ တပြည်လုံးအတိုင်း အတာဖြင့် အမတ်နေရာအများဆုံး အနိုင်ရရှိသည့်အပေါ် အမျိုးသားဒီမိုးကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ ၀မ်းမြောက်ကြောင်း စာတစ်စောင်ကို ယခင်လ နိုဝင်ဘာလ ၁၂ရက်နေ့က ပေးပို့ခဲ့သေးသည်။ 
Wednesday, December 2, 2015
တအာင်းနယ်မြေသို့ကျူးကျော်ဝင်ရောက်လာသော RCSS/SSA စစ်ကြောင်း နှင့် TNLA တိုက်ပွဲဖြစ်ပွားရာ မြန်မာ့တပ်မတော်က ရှမ်းတပ်ဖွဲ့အားကူညီပစ်ခတ်ပေး
ညီနောင်တိုင်းရင်းသားအချင်းချင်း စစ်မဖြတ်အောင် အတတ်နိုင်ဆုံးရှောင်ကြပါဗျို့ .. နောက်ဆုံးမှာ ဒိုင်ခွေးကြီးပဲစားသွားမယ်...
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်  TNLA လှုပ်ရှားရာ နမ့်ခမ်းမြို့နယ်၊ မန်တုံမြို့နယ် ဒေသတွင်းသို့  ရှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော် RCSS/SSA သည် နယ်မြေကျူးကျော် ဝင်ရောက် လှုပ်ရှားလာ သဖြင့် နိုဝင်ဘာလ ၂၇ ရက် နေ့မှစတင်ပြီး တိုက်ပွဲဖြစ်ပွားကြရာ မြန်မာ့တပ်မတော် တပ်မ (၈၈)၊ တပ်မ(၇၇) စစ်ကြောင်းတို့က ရှမ်းတပ်ဖွဲ့ ဖက်မှနေပြီးကူညီပစ်ခတ်ပေးသဖြင့်  နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိ ပါသည်။
နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသရှိ အွည်လောရွာ အနီးတွင် ၂၇ ရက်နေ့လည် ၁၃း၀၀ နာရီခန့်မှစတင်ပြီး TNLA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၄၇၈) နှင့် ရှမ်းပြည်တပ်မတော် RCSS/SSA စစ်ကြောင်းတို့ စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် အွည်လောရွာနှင့် ပန်ကနိုင်းရွာအကြား လှုပ်ရှားနေသော TNLA တပ်ဖွဲ့ဝင်များအား ရှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့သို့ ထိုးစစ်ဆင်လာသဖြင့် ညနေ ၁၅း၃၀ နာရီခန့်မှ ညမိုးချုပ်သည်အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပါသည်။
နိုဝင်ဘာလ ၃၀ ရက် မနက်မိုးလင်းသည်နှင့် နမ့်ခမ်းမြို့နယ်-မန်တုံမြို့နယ် အစပ်တွင်းရှိ နော်ရဲဝ် (မန်အောင်)၊ မတ်ဝေါင်း၊ ပိန်းကိုင်၊ လူမ်အဘလ၊ လွယ်ကျင်း၊ ပန်ကနိုင်း၊ မန်ဝင်း၊ ဟိုပန် အစရှိသော ကျေးရွာများအနီးတွင် မိမိတို့ တအန်းတပ်မတော် TNLA သည် ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာ့တပ်မတော် ပူးပေါင်းစစ်ကြောင်းတို့နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိပါသည်။
မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် RCSS/SSA ဖက်မှ  ထိခိုက်ဒါဏ်ရာရရှိမှု၊ ကျဆုံးမှုများ ရှိကြပါသည်။ မိမိတို့ တအန်းတပ်မတော်ဖက်မှလည်း ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်။
ရှမ်းပြည်တပ်မတော် RCSS/SSA သည် NCA အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့တွင်ပါဝင်ပြီး  မြန်မာ့တပ်မတော်နှင့်နားလည်မှုယူကာ နမ့်ခမ်းဒေသ၊ မန်တုံဒေသသို့တိုးချဲ့နေရာယူရန် လှုပ်ရှားလာခြင်းဖြစ်သည်။ နှစ်ဖက်ထိတွေ့မှုတိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နိုင်ဖွယ်ရှိပါသည်။
ယခုကဲ့သို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အချင်းချင်း ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်မှုမျိုး မဖြစ်ပွားစေရန် တအန်းတပ်မတော်လှုပ်ရှားနယ်မြေအတွင်း မ၀င်ရောက်ရန် အကြိမ်ကြိမ်မေတ္တာရပ်ခံခြင်း၊ တားဆီးခြင်း ပြုလုပ်ခဲ့သော်လည်း ရှမ်းပြည်တပ်မတော် RCSS/SSA မှ အတင်းဝင်ရောက်လာကာ မိမိတပ်ဖွဲ့ကိုလည်း စတင်ပစ်ခတ်မှုကြောင့် ယခုကဲ့သို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်။
 
                                                                                        သတင်းနှင့်ပြန်ကြားရေးဌာန
 
Friday, November 27, 2015
Wednesday, November 18, 2015
အန်စီအေ အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ
ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အဓိက အချက်တစ်ခုဖြတ်တဲ့ " နှစ်ဘက်တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်း (Code Of Conduct – COC)"ကိုအတည်ပြုနိုင်ခဲ့ပြီလို့ ဆိုတယ်။ အချက်အလက်အသေးစိတ်တွေကို စိတ်ဝင်စားမိပါသည်။ ရှိရင်ပို့ ပေးကြအုံး.... 
xxxxxxxxxxx
နေပြည်တော် Horizon Lake View hotel မှာ နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ နှစ်ဘက်တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်း (Code Of Conduct – COC) ကို နှစ်ဘက်သဘောတူ အတည်ပြုနိုင်ခဲ့ပါတယ်။
နိုင်ငံတော်အစိုးရကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်စားလှယ် ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးတို့က JICM အစည်းအဝေး ဆုံးဖြတ်ချက် COC ကို အပြန်အလှန် လဲလှယ်ခဲ့ပါတယ်။
by ကိုသက်
http://burmese.dvb.no/archives/123180
 Type the rest of your post here. 
သမိုင်းစဉ်တလျှောက်မှာ အပြင်းထန်ဆုံး၊ အကြီးကျယ်ဆုံးတိုက်ပွဲ – ကေအိုင်အို ပြောခွင့်ရ ဦးလနန်
by  နန်းမြနဒီ
မိုးညှင်းတိုက်ပွဲအပေါ် ကေအိုင်အို ပြောခွင့်ရ ဦးလနန်နှင့် ဒီဗွီဘီဆက်သွယ်မေးမြန်းချက်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ ကေအိုင်အေနဲ့ အစိုးရတပ်ကြားတိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကြားသိရပါတယ်။ တိုက်ပွဲက ဘယ်နေ့ကစဖြစ်တာပါလဲ၊ အခုကော (နိုဝင်ဘာ ၁၇ ရက်) ဒီမနက်တိုက်ပွဲတွေ ဖြစ်နေသေးလား၊ တိုက်ပွဲနောက်ဆုံးအခြေအနေဘယ်လိုရှိပါသလဲ။
“နိုဝင်ဘာလ ၁၄ ရက်နေ့က စဖြစ်ပါတယ်။ မိုးညှင်းမြို့အရှေ့ဘက်မှာရှိတဲ့ ကေအိုင်အေ တပ်မဟာ ၈ ထိန်းချုပ်နယ်မြေဘက်မှာ။ ၁၅ ရက်နေ့မှာတော့ ကျနော်တို့တပ်ရဲ့ ၁၀ လိုမီတာ လောက် အကွာကနေပြီး လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ မနေ့က လက်နက်ကြီးအပါ အ၀င် လေကြောင်းကနေပြီးတော့ ထိုးစစ်ဆင်နေတယ်။ အဲလိုအခြေအနေပါ၊ မနေ့ညနေ ၅ နာရီလောက်က လေယာဉ်တွေ ရောက်လာတယ် တကြိမ်ကို ၂ စီး သုံးလေးကြိမ်လာတယ်။ ဒီကနေ့တော့ အခြေအနေ ငြိမ်နေတယ်။
ဒီမိုးညှင်းဒေသမှာ တိုက်ပွဲတွေဟာ ဘာကြောင့် ဖြစ်ရတာလဲ၊ တိုက်ပွဲတွေဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းကဘာလဲ။
 
“အစိုးရတပ်ကနေပြီးတော့ ကျနော်တို့ရဲ့ ရှေ့တန်းစခန်းတွေကို ၀င်သိမ်းလို့ ဖြစ်ရတဲ့တိုက်ပွဲပါ။ အခုက ကျနော်တို့ ကေအိုင်အေဘက်ကတော့ ခုခံတဲ့စစ်ပေါ့၊ ကျနော်တို့ဘက်က စခန်းတွေ တော်တော်များများ သုံးလေးခုကတော့ ဖယ်ပေးလိုက်ရတယ်။ သူတို့ဘက်က လက်နက်ကြီးတွေ ရော၊ လေကြောင်းကနေတော့ အပြင်းအထန်တိုက်ခိုက်တယ်ဆိုတော့ ဖယ်ပေးလိုက်ရတာပေါ့။ တိုက်ပွဲအသွင်သဏ္ဍာန်ကတော့ အစိုးရတပ်ရဲ့ ထိုးစစ်ဆင်မှု ဖြစ်ပါတယ်။”
အစိုးရတပ်က ဒီအချိန်မှာမှ ဘာကြောင့် ထိုးစစ်ဆင်တယ်လို့ ထင်ပါသလဲ။
“သူတို့ရည်မှန်းချက်တွေ အမျိုးမျိုးရှိပါလိမ့်မယ်၊ မိုးညှင်းဒေသခံတွေ ပြောတာကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲကိုအသာစီးရမယ်လို့ သူတို့မှန်းထားတယ်ပေါ့။ ဒါပေမယ့် တကယ်တန်းကျတော့ အန်အယ်လ်ဒီက တော်တော်ရသွားတယ်။ အဲလိုဖြစ်တဲ့ အခါကျတော့ စစ်တပ်ကလည်း မိုးညှင်းဒေသခံတွေကို စစ်ရေးအစွမ်းတွေကိုပြချင်တဲ့ သဘောလို့ ပြောတယ်။ မိုးညှင်းမြို့အရှေ့ဘက် ၃ မိုင်လောက်ပဲ ကွာတဲ့နေရာမှာ ကေအိုင်အေကို တိုက်တယ်ဆိုတော့ မြို့ခံတွေကို စစ်ရေးနည်းနဲ့ ခြိမ်းခြောက်တာလို့ဘဲ ယူဆတယ်။”
ခုတိုက်ပွဲက အောက်ခြေမှာ ကေအိုင်အေဘက်ကဘယ်တပ်နဲ့ အစိုးရဘက်က ဘယ်တပ်ကြား ပစ်ခတ်ကြတာလဲ။ အင်အားဘယ်လောက်ရှိပါသလဲ။
“ကျနော်တို့ ကေအိုင်အေဘက်က တပ်မဟာ ၈ ဌာနချုပ်နဲ့ လက်အောက်ခံ တပ်ရင်း ၃၅၊ တပ်ရင်း ၂၆ နယ်မြေတွေဟာ တိုက်ပွဲဧရိယာထဲမှာရှိနေတယ်။ အစိုးရတပ်ကတော့ မိုးညှင်းအခြေစိုက် ခလရ ၁၅ ကိုအပြထားတယ်။ ဒါပေမယ့် သူတို့ဘက်က အကူတပ်တွေ အင်အား တော်တော်များတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က ရထားနဲ့ တက်လာပြီး ဖားမော်၊ မော်ဟန်ဘက်မှာ လာစုထားတဲ့ တပ်ဖွဲ့တွေရော၊ အမြှောက်တပ်၊ လေကြောင်းတပ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း လက်အောက်ခံတပ်တွေလည်း ပါကောင်းပါမယ်။
နှစ်ဘက်ထိခိုက်ဒဏ်ရာရမှု အခြေအနေ ဘယ်လိုရှိပါသလဲ။
“ကျနော်တို့ဘက်က သတင်းအတိအကျ တက်မလာသေးပါဘူး။ ဒါလောက်ကြီး လေယာဉ်နဲ့ အပြင်းအထန်တိုက်ခိုက်တယ်ဆိုတော့ ရှိကောင်းရှိနိုင်ပါတယ်။ သူတို့ အချင်းချင်းလည်း ပြန်ထိ နိုင်တယ်။ နှစ်ဘက်လုံး ထိခိုက်ဒဏ်ရာရတာ ရှိကောင်းရှိနိုင်မယ်။”
မိုးညှင်းမြို့နယ်အပြင် တခြားနေရာတွေမှာရော တိုက်ပွဲဖြစ်သေးလား။
“ရှိပါတယ်။ မနေ့တနေ့က တပ်မဟာ ၄ ဘက်မှာလည်း ထိတွေ့ပစ်ခတ်မှုရှိတယ်။ ဒါပေမယ့် ဒီမိုးညှင်းတိုက်ပွဲလောက်တော့ မပြင်းထန်ဘူး။ ဒီတိုက်ပွဲကတော့ ကေအိုင်အေနဲ့ မြန်မာ့ တပ်မတော်နဲ့ ဖြစ်တယ်ဆိုတဲ့ သမိုင်းစဉ်တလျှောက်မှာ အပြင်းထန်ဆုံး၊ အကြီးကျယ်ဆုံး တိုက်ပွဲလို့ ပြောလို့ရပါတယ်ခင်ဗျ။”
အခုလိုပြင်းထန်တဲ့ တိုက်ပွဲဖြစ်နေတယ်ဆိုတော့ ကြိုးစားဆောင်ရွက်နေတဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်ရေးဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေအပေါ် သက်ရောက်ထိခိုက်မှု ရှိနိုင်ပါသလား။
“အခုလောလောဆယ်တော့ မြန်မာအစိုးရနဲ့ တိုက်ရိုက်စေ့စပ်ဆွေးနွေးတဲ့ လမ်းကြောင်းက မရှိတော့ဘူးခင်ဗျ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်ရေးဆိုတဲ့ ဝေါဟာရကိုသုံးဖို့လည်း အများကြီး စဉ်းစားရမှာပါ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက်ဘယ်လို ဆွေးနွေးကြမလဲဆိုတာ လာမယ့်အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးပေါ်လစီပေါ် မူတည်ပါလိမ့်မယ်။ ဒီတနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်ရေးဆိုတဲ့ဆွေးနွေးမှုလမ်းကြောင်းကတော့ တခန်း ရပ်သွားပြီလို့ ပြောလို့ရသွားပြီခင်ဗျ။
ခုရွေးကောက်ပွဲ အနိုင်ရပြီး တက်လာမယ့်အစိုးရသစ်အပေါ် ကေအိုင်အေက ဘယ်လောက်မျှော်လင့်ချက်ရှိပါသလဲ။
“ကျနော်တို့ကတော့ ပါတီစွဲမရှိပါဘူး။ မှန်ကန်တဲ့လူထုရဲ့ သဘောထားပေါ်အခြေခံပြီးတော့ ဆက်ဆံသွားမှာပါ။ လူထုရဲ့ ထောက်ခံမှုနဲ့ တက်လာတဲ့အစိုးရဟာ ပြည်တွင်းငြိမ်းချမ်းရေးကို မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ဖော်ဆောင်သွားနိုင်မယ်လို့တော့ ကျနော်တို့ မျှော်လင့်ပါတယ်။”
 
 
 
 
