ondragstart="return false" onselectstart="return false"

Friday, August 20, 2010

ဗမာ့တပ်မတော်၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ရွာသားတစ်ဦးသေ ကလေးငယ်တဦးဒဏ်ရာရ

ညောင်လေးပင် ခရိုင် မုန်းမြို့ နယ်မြေ ဒေသ၌ လှူပ်ရှားနေသော ဗမာ့တပ်မတော် ခလရ(၄၈) မှ ဒု-ရင်းမှူးထင်ကျော် ဦးစီးတဲ့ တပ်နှင့် တပ်ခွဲမှူးခင်မောင်ကျော်အဖွဲ့ နေရာချိန်းရာတွင် အင်အား (၁၂)ယောက်ရှိ ဗမာ့တပ်များသည် ၁၂.၈.၂၀၁၀နေ့ ညနေ၅နာရီအချိန်ခန့်တွင် မလှဒေါစခန်းမှထွက်ပြီး ဒယ်ကွယ်လေးခိုရွာသို့  အသွားတွင် မလှဒေါရွာသား များအား နွားတဲ၌ တွေ့သောအခါ ပစ်ခတ်ခဲ့ပါသည်။ ထိုပစ်ခတ်မှုကြောင့် စောဘာကူး (၃၅)နှစ်သေဆုံး၊ စောမူးဒါး (အသက် ၁၁ နှစ်)ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့အပြင်နွား၂ကောင်ပါသေခဲ့ရပါသည်။ တစ်ဆက်တည်းမှာပင် စခန်းသို့ ပြန်လာပြီး သေဆုံးသူအလောင်းနှင့် ဒဏ်ရာရသူကို မလှဒေါရွာသားများအား သွားရောက်သယ်ယူခိုင်းပါသည်။ ဒဏ်ရာရသူ ကလေးငယ်အား သပြေညွန့်သို့ပို့ဆောင်စေပြီး သူတို့၏လက်ချက်မဟုတ်ကြောင်းရွာသားများ အားလိမ်လည်ခိုင်းပါသည်။

၁၆.၈.၂၀၁၀နေ့တွင်တပ်ရင်းမှူးထင်ကျော်သည် မလှဒေါရွာသားများကိုမှတ်ပုံ တင်လုပ်ခိုင်းပြီး တဦးလျှင် ငွေ၇၅၀၀ကျပ် အတင်းအကြပ်တောင်းဆိုပါသည်။ ငွေပေးဆောင်ရသော ရွာများမှာ မလှဒေါ၊ ကျော်ထား၊ ဆောဝါးဒဲ၊ သပြေညွန့် စသည်တို့ ဖြစ်သည်။ တပ်ခွဲမှူး ခင်မောင်ကျော်(အင်အား၃၀ခန့် - မလှဒေါစခန်းထိုင်ပါအပါအဝင်) မလှဒေါရွာသားများအား အစားအသောက်များ ရိက္ခာများ သယ်ယူခွင့်ကိုပိတ်ပင်တဲ့အပြင် တွေ့ရှိပါက ပစ်သတ်မည်ဟု ရွာသားများကို ခြိမ်းခြောက်ပြောဆိုကြောင်း သတင်းရရှိပါသည်။


Human_Right_News

Type the rest of your post here.

No comments:

Post a Comment