ondragstart="return false" onselectstart="return false"

Tuesday, August 10, 2010

နှစ်(၆၀)ပြည့် ကရင့်အမျိုးသားအားဇာနည်နေ့ ဂုဏ်ပြုတေး - “ကရင်ပြည်မှာမွေးပြီး ကရင်ပြည်မှာပဲသေမည်”

နှစ်(၆၀)ပြည့် ကရင့်အမျိုးသားအားဇာနည်နေ့ ဂုဏ်ပြုသောအားဖြင့် “ကရင်ပြည်မှာမွေးပြီး ကရင်ပြည်မှာပဲသေမည်” ဆိုတဲ့သီချင်းကို နိုင်ငံတကာရောက် ကရင်အမျိုးသားများအတွက် အထူးလက်ဆောင်အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

မှတ်ချက်။ ။ တေးသီချင်းကို ဘွဲ့ သွေးနီမှ ဆီလျှော်အောင် ဘာသာပြန်ဆိုပြီး စီစဉ်တင်ဆက်သည်။


- ကျနော်အချစ်ဆုံးသောသူ....
တိုင်းတပါးသို့ အသင်ထွက်ခွါသွားတော့မယ်လို့ ဆုံးဖြတ်ချိန်မှာ
လက်ကလေးကိုရမ်းပြီး အသင့်နောက်ကို ကြည့်လျက် ကျနော်ဆို့ နင့်ခဲ့ရတယ်
အဘယ်ကြောင့် သူများတိုင်းပြည်က အသင့်ကို ဖမ်းစားနိုင်ခဲ့သလည်း
ကျနော်သိချင်ပါတယ် ပြန်လည်အသိပေးဖို့  မျော်လင့်ပါတယ်။

- (cho) လူတွေဟာ သူတို့ တိုင်းပြည်ကို သူတို့ ချွေး သွေး အသက်ပေါင်းများစွာဖြင့် ပေးဆပ်ဝယ်ယူခဲ့ရတယ်။
အသင့်တိုင်းပြည်အတွက် သင်ဘာလုပ်ခဲ့ပြီးလည်း အမှတ်ရပါ။
ကျနော်ကတော့ ကိုယ်စွမ်းဥဏ်စွမ်းရှိသမျှ ကိုယ့်လူမျိုးအတွက် ပေးဆပ်နေတယ်
ကရင်ပြည်မှာမွေးပြီး ကရင်ပြည်မှာပဲသေမည်

- ကျနော် အချစ်ဆုံးသော သူ …..
အသင့်ရဲ့ခြေလှမ်းတွေ တိုင်းတပါးသို့  ထွက်ခွါသွားချိန်မှာ
အသင့်ရဲ့လူမျိုးတွေ သွေး ချွေးများ မြေခလျက် ရှိနေတယ်
ထိုကဲ့သို့  မြေခ ကျခဲ့ရတဲ့ သွေးတွေဟာ မင်းအတွက်ဖြစ်တယ် ဆိုတာ သတိရပါ။
မင်းထားရက်ခဲ့တော့ မင်းပျော်ရွှင်စွာ သွားနိုင်ပါတယ်။

- ကျနော် အချစ်ဆုံးသော သူ....
တိုင်းတပါးမှာ နေတဲ့အချိန်မှာ ကိုယ့်လူမျိုးသတိရရင် အစွမ်းကုန်ကြိုးစားပါ။
ကျနော် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးပြီးသွားပြီ လို့ အသင်ကြားရတဲ့ အချိန်မှာ
မျက်ရည်များကို ပေးမကျပါနဲ့  ကျနော့်အတွက် မငိုပါနဲ့ ….

No comments:

Post a Comment