ondragstart="return false" onselectstart="return false"

Wednesday, August 25, 2010

တောင်ငူခရိုင်တွင် နအဖ စစ်တပ် ရွာသားနှစ်ဦးအား အကြောင်းမဲ့ဖမ်းဆီး


တောင်ငူခရိုင် ထန်းတပင်မြို့ နယ် ဇရပ်ကြီးတွင် အခြေစိုက်သော နအဖ စစ်တပ် ခလရ (၇၃)တပ်များသည် မာလာကုန်းရွာသို့ ဝင်ရောက်ပြီး မာလာကုန်း ရွာသား ညီကိုနှစ်ဦးဖြစ်သော စောမူးသော(၂၂နှစ်)၊ စောခိုကလိုထူး(၁၉နှစ်) အဘအမည် စောမူးရာ တို့ အား ၁၉၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင် အကြောင်းမဲ့ ၀င်ရောက်ဖမ်းဆီးသွားပါသည်။ ထိုညီကိုနှစ်ဦးအား ဖမ်းဆီးရသည့်အကြောင်းအရင်း မည်သူမျှ မသိရသလို ၄င်းတို့ နှစ်ဦးကို ဘယ်မှာ ထားသည်ဆိုတာ ယနေ့ အထိ မသိရပါ။ ထုံးစံအတိုင်း နအဖ တပ်များသည် ယခုကဲ့သို့ ရွာသားများကို ဖမ်းဆီးပြီး သတင်းအစအန ပျောက်သွားပြီး နောက်ပိုင်းများတွင် သတ်ပစ်လေ့ရှိကြောင်း ဒေသခံများ ကဆိုပါသည်။

ဆက်လက်ပြီး နအဖ စစ်တပ် စကခ(၇) ခမရ(၁၀၂) ကလောမီဒဲ အခြေစိုက်တပ်များသည် ကလောမီဒဲ ရွာသား မ ၁၄ဦး၊ ကျား ၁၆ဦး တို့ အား ကလောမီဒဲ စစ်စခန်းမှ ပဲလဲဝ စစ်စခန်းသို့ ရိက္ခာများကို သယ်ခိုင်းရန်အတွက် ပေါ်တာဆွဲ အတင်းအကျပ်စေခိုင်းကြောင်း သတင်းရရှိပါသည်။


Type the rest of your post here.

No comments:

Post a Comment