ondragstart="return false" onselectstart="return false"

Thursday, August 12, 2010

နှစ် (၆၀)ပြည့် ကရင့်အမျိုးသား အာဇာနည်နေ့  အထူးအစီအစဉ် - ခိုဖလာလေးခို တိုက်ပွဲ ဗီဒီယိုမှတ်တမ်း

၂၀၁၀ နှစ်ဦးပိုင်းတွင် ညောင်လေးပင်ခရိုင်အတွင်း နအဖ စစ်မိစ္ဆာကောင်များသည် ကရင်လူမျိုးတို့ ရှိရန်ဒေသများတွင် ၀င်ရောက်မွှေနောက်ပြီး ရွာတွေမီးရှို့  ထွက်ပြေးမလွတ်သော ဒေသခံ လူကြီး ကလေးပါမကျန် ပစ်သတ်ခဲ့ပါသည်။ လူနေအိမ်များ ကျောင်းများ၊ ဆေးပေးခန်း၊ ဘုရားကျောင်းများ အကုန်မီးရှို့ ပစ်ခဲ့ပါသည်။ ထိုအရပ်၌ နေထိုင်သော ဒေသခံလူထု ၂၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ ဘ၀ဖြင့် တောထဲမှာ ထွက်ပြေးပုန်းအောင်းခဲ့ရပါသည်။

ဒီလိုကရင်လူမျိုးတို့ ၏ အသက်အိမ်းအို စည်းစိမ်ကို ၀င်ရောက်ဖျက်ဆီးနေသော နအဖ စစ်ခွေးတွေ ကို တန်ပြန် တွန်းလှန်သော ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၃ ၏ တိုက်ပွဲဗီဒီယိုမှတ်တမ်း တပိုင်းတစကို ယနေ့ ၁၂ ရက်နေ့  သြဂုတ်လတွင် ကျရောက်သော နှစ် ၆၀ ပြည့် ကရင့်အမျိုးသားတို့ ၏ အာဇာနည့်နေ့ ကို ဂုဏ်ပြုသောအားဖြင့် ရွေးချင်တင်ဆက်ပေးလိုက်ပါသည်။

ဒီတိုက်ပွဲကို ခိုဖလာလေးခို တိုက်ပွဲဟုအမည်ခေါ်တွင်ပါသည်။ ၄င်းတိုက်ပွဲတွင် ဗိုလ်ကြီး စောသူးပီသည် ကရင့်အမျိုးသားတို့ ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရင်း ရန်သူ နအဖ စစ်တပ်ကို တွန်းလှန်တိုက်ခိုက်ရင်း ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ရက် ညနေ ၄ နာရီအချိန်တွင် သူရဲကောင်း အာဇာနည်ပီသစွာ ခိုဖလာလေးခို တိုက်ပွဲတွင် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားပါသည်။

သူရဲကောင်း အာဇာနည် ပီသစွာ ကရင်လူမျိုးတို့ အတွက် အသက်ပေးလှူသွားသော ဗိုလ်ကြီး စောသူးပီ အားလည်းကောင်း ကျဆုံးလေပြီးသော ကရင့်ခေါင်းဆောင်ကြီးများ တပ်ဗိုလ်တပ်မှူးများ ဒေသခံပြည်သူများအားလည်းကောင်း ၂၀၁၀ ခုနှစ် ကရင့်အမျိုးသား အာဇာနည်နေ့ မှာ ကျနော်တို့ သောသီခိုအဖွဲ့ သားများနှင့် အတူ ကရင်တမျိုးသားလုံးက ဦးညွတ်အလေးပြု ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါသည်။

Lt. Saw Thu Pi, You are Hero.. We Love you… All Karen Love you…
All Leaders, officers, soldiers, and ordinary people who had sacrificed their lives for their people……
We Love you, we are proud of you, all of your name will be written in our Karen History and The Karen will never forget you.



ဗိုလ်ကြီး စောသူးပီ တိုက်ပွဲတွင် မကျဆုံးခင် သူ၏ အဖိုးတန် စကားစုများ
“ကော်သူးလေကို ကျနော်ဒီလိုမြင်တယ်.. ကော်သူးလေဆိုတာ ဘယ်တော့မှ ပျောက်ကွယ်မသွားဘူး တချိန်က ၁၉၉၄-၉၅ မှာ မာနယ်ပလော ကျသွားခဲ့တယ် လူတွေ ကျမသွားဘူး မြေကြီးပဲကျသွားတယ် ဒါကြောင့်မို နယ်မြေတွေ ရန်သူ့ လက်ထက် ကျသွားသည့်တိုင်အောင် မြေကြီးပဲ ကျသွားဒါ လူတွေကျမသွားဘူး။ ဘယ်သောအခါမှ ကော်သူးလေ ကျမသွားဘူး ဆိုတာကျနော်ရဲရဲကြီးပြောချင်ပါတယ်။ ကျနော်တို့ ကိုယ်တိုင် ကော်သူးလေကို မဖျေက်ဖျက်ပစ်ရင် ဘယ်သောအခါမှ ကော်သူးလေဆိုတာ ပျေက်မသွားဘူး..”

မှတ်ချက်။ ။ အောက်ပါဗီဒီယို မှတ်တမ်းတွင် ဗိုလ်ကြီးစောသူးပီ ပြောသွားသော စကားကို ကြည့်ရှုနိုင်ပါသည်။


ဘွဲ့ သွေးနီ စီစဉ်တင်ဆက်သည်။

Type the rest of your post here.

No comments:

Post a Comment