ondragstart="return false" onselectstart="return false"

Wednesday, August 25, 2010

ကေအိုင်အို လက်နက်ချရန် ပထမဆုံး မြန်မာစစ်အစိုးရ ညွှန်ကြား

KIO မှညီနောင်တို့  ခင်ဗျားတို့  ကချင်တမျိုးသားလုံး အရှင်လတ်လတ် မြေမြုပ်သဂြိုလ်ပစ်ခံရချင်လျှင် နအဖ ထံလက်နက်ချလိုက်ကြ။ မဟာဝါဒရူးပြီး ဒီလောက် လက်နက်အားကိုး ဗိုလ်ကျ အနိုင်ကျင့်ချင်တဲ့ လူတွေ လက်အောက်ကို ခင်ဗျားတို့ လက်နက်ချလိုက်ရင် သမိုင်းမှာ ခင်ဗျားတို့ ဘယ်တော့မှ ပြန်ပြီး အဖတ်ဆယ်၍ ရနိုင်တော့မှာမဟုတ်ပါ။

Wednesday, 25 August 2010 16:46 KNG

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် ”၀” တပ်ဖွဲ့ပြီးနောက် အင်အားအကြီးဆုံး ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သည် ”လက်နက်ချရန်” ပထမဆုံး မြန်မာစစ်အစိုး၏ ညွှန်ကြားခြင်းခံရသည်။

သြဂုတ်လ (၂၂)၊ တနင်္ဂနွေနေ့၊ ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားတွင် နှစ်ဖက်အရာရှိများတွေ့ဆုံစဉ် “KIO အဖွဲ့ လက်နက်ချရန်” မြန်မာစစ်အစိုးရက စာဖြင့် တရားဝင်ညွှန်ကြား လာခြင်းဖြစ်ကြောင်း KIO မှ သိရသည်။
1025-kio-48
(၁၆) နှစ်ကြာ KIO နှင့် မြန်မာစစ်အစိုးရအကြား အပစ်အခတ်ရပ်ဆိုင်းပြီးနောက် KIO အား လက်နက်ချရန်ဖိအားပေးခြင်းသည် ယခုပထမဆုံးအကြိမ်ဖြစ်သည်။

ဤကိစ္စပေါ် သြဂုတ်လ (၂၇)၊ ယခုပတ် သောကြာနေ့မှ စတင်ကျင်းပမည့် KIO အဖွဲ့ဝင်များ၏ ပါတီကွန်ကရက်တွင် “KIO လက်နက်ချရေး မ ချ ရေး နှင့် ရှေ့နိုင်ငံရေးလမ်းစဉ်” ကို ဆွေးနွေးဆုံးဖြတ်သွားရန် ရှိကြောင်း အဖွဲ့ ဒု-ထွေထွေအတွင်းရေးမှူး ဆလန်ကဘာ ဝေါ့ခရုန်း ဆင်ဝါးက ကချင်သတင်းဌာနသို့ ပြောကြားခဲ့ပြီးဖြစ်သည်။

ခါတိုင်းလိုပဲ တွေ့ဆုံပွဲကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တပ်ဝင်းရှိ မလိခရိပ်သာတွင် ပြုလုပ်ရာ KIO အရာရှိ (၅) ဦး နှင့် မြန်မာစစ်အစိုးရ အရာရှိ (၄) ဦး တို့တက်ရောက်ခဲ့သည်။

KIO အရာရှိများတွင် ဥက္ကဌ လညှော် ဇောင်းဟရား၊ ဒု-ဥက္ကဌ အဆင့် (၁) ဒု-ဗိုလ်ချုပ်ကြီး ဂေါ်ရီ ဇော်ဆိုင်း၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာ၊ လက်ထောက် KIA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဆွမ်လွတ်ဂွန်မော် တို့ တက်ရောက်ခဲ့သည်။

စစ်အစိုးရ ဘက်မှ မပခ တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း၊ ယခင် မပခ တိုင်းမှူး ဦးအုန်းမြင့်၊ စစ်ဖက်ရေးရာရေးဌာန (စရဖ) အကြီးအကဲ ဦးရဲမြင့် နှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်တို့ ပါဝင်ခဲ့သည်။

KIO သည် ၎င်း၏ ရှေ့နိုင်ငံရေးလမ်းစဉ်ကို သောကြာနေ့မှ စတင်မည့် ကွန်ကရက်အစည်းအဝေးတွင် အရေးပါသည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း မပြုလုပ်မီ ယခုလို မြန်မာစစ်အစိုးရနှင့် တွေ့ဆုံခြင်းဖြစ်သည်။

အစောပိုင်းကလည်း ကချင်အရပ်ဖက်ခေါင်းဆောင်များနှင့် ဌာနချုပ်လိုင်ဇာတွင် သြဂုတ် ၁၄-၁၆ အထိ တွေ့ဆုံခဲ့ပြီး ရှေ့ KIO နှင့် ကချင်နိုင်ငံရေး အပြောင်းအလဲကိစ္စပေါ် အကြံပြုချက်များ ရယူခဲ့ပြီးဖြစ်သည်။

ကေအိုင်အို ”လက်နက်ချမလား သို့မဟုတ် စစ်ပြန်တိုက်မလား” ဆိုသည့် မေးခွန်းကို အဖွဲ့တော်လှန်ရေးသမိုင်း ၄၉ နှစ်မှာ ပထမဆုံးကျင်းပသည့် ကွန်ကရက်အစည်းအဝေးတွင် ပြတ်ပြတ်သားသား အဖြေပေးရတော့မည်ဖြစ် သည်။
http://kachinnews.com/burmese/2010-01-18-05-43-21/241-2010-08-25-11-19-02.html

No comments:

Post a Comment