ondragstart="return false" onselectstart="return false"

Wednesday, August 25, 2010

ညောင်လေးပင် ဒေသတွင် ခမရ ၆၃၁ မှ ရွာသားနှစ်ဦးအား သေနတ်ဒင်ဖြင့် ပြင်းထန်စွာရိုက်နက်

၃၊ ၈၊ ၂၀၁၀ ရက်နေ့ တွင် နအဖ တပ်မှ ခမရ ၆၃၁ တပ်ဖွဲ ၀င်များသည် ညောင်လေးပင် ခရိုင်ရှိ မူသယ် ရွာသို့ ဝင်ရောက်ပြီး တောင်ယာတဲတွေ နေထိုင်သော စောမော်သေ(၄၅နှစ်)၊ နော်ဖေါမူဝါး(၄၃)နှစ် တို့ အားဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နက်ပါသည်။ ဤကဲ့သို့ ထုထောင်းရိုက်နက်ပြီး အမျိုးသမီးအား ရိုက်နက်သည့်နေရာမှ ထားခဲ့ကာ အမျိုးသားအောင် ခေါ်ဆောင်သွားပါသည်။ လမ်းခုလပ်တွင် စောမော်သေးအား ပြန်လည်ပစ်ခဲ့သည်ဟု သတင်းရရှိပါသည်။

သည့်ပြင်ထိုဒေသ တ၀ိုက်လှုပ်ရှားနေသော ခမရ ၅၉၉၊ ခမရ ၅၉၀၊ ခမရ ၄၈ ပူးပေါင်းတပ် အင်အား (၅၀) တပ်ရင်းမှူး တင်အောင်ကျော်နှင့် ဒုရင်းမှူး ထင်မိုးကျော်၊ ဗိုလ်သာစိန်ဦး တို့ ဦးဆောင်သော နအဖ တပ်ဖွဲ့  များသည် ဒေသခံရွာများဖြစ်သော ထီးတိုလို၊ ပေါ်ပီဒဲ၊ မြောင်ဦး တို့ တွင်နေထိုင်သော ရွာသားများအား လုပ်ကိုင်စားသောက်သွားလာမှုများကို နှောက်ယှက်ပြီး ညောင်ပင်သာရွာတွင် ရွာသားများကို ဖမ်းဆီးကြောင့် သတင်းရရှိပါသည်။

News_3_6

Type the rest of your post here.

No comments:

Post a Comment