ondragstart="return false" onselectstart="return false"

Thursday, August 19, 2010

ကျနော်တို့ ၏ ကရင့်အမျိုးသား အလံတော်



မြိုင်ကြီးငူမှာ အမျိုးသားသစ္စာဖေါက် ကျော်သန်းနဲ့ သာထူးကျော် ဦးဆောင်ပြီး ရန်သူကို ဒူးထောက်အညံ့ခံကာ နယ်ခြားစောင့် တိုက်ခွေးတဆိပ်ကို မနေ့ က လက်ခံပြီးဖြစ်သည်။ မကြာခင်မှာလည်း မောင်ချစ်သူ အဖွဲ့ များလည်း လက်နက်ချတော့မည် နှဖားကြိုး အထိုးခံတော့မည်။ တိုက်ခွေးတံဆိပ်ကို လက်ခံယူတော့မည်။ မြန်မာ့အသံမှ ထုတ်လွင့်သွားတဲ့ မြိုင်ကြီးငူ ဒေသ ဒီကေဘီအေ နယ်ခြားစောင့်တပ်အပ်နင်းပွဲမှာ ကရင်အမျိုးသားတို့ အတွက် ရင်နာစရာများစွာထဲက တစ်ခုကို ထောက်ပြလိုပါသည်။

ကရင်ပြည်နယ် ကရင်အမျိုးသားအတွက် လုပ်မယ်ဆိုတဲ့ လူတွေ.. ဘယ်မှာလည်း ခင်ဗျားတို့ ရဲ့ ကရင့်အမျိုးသားအလံတော်??? ခုချိန်မှာ ခင်ဗျားတို့ လူမျိုးကို နေ့ စဉ် သတ်ဖြတ်ဖျက်စီးနေတဲ့ လူတွေရဲ့ အလံတော်ကိုဦးညွတ်ရပြီမဟုတ်ပါလား.. ခိုင်းသမျှလုပ်ပေးပါမည်ဟု ကျော်သန်းက ကတိပေးပြီးပြီ မဟုတ်ပါလား.. မကြာခင်မှာ မဟာဗမာဝါဒီ နအဖ စစ်အစိုးရက ကရင်အချင်းချင်းပြန်ပေးသတ်တော့မည်။ ဒါက နအဖ မဟာဝါဒီတို့ အဖြစ်ချင်ဆုံးအရာပဲ… သူတို့ အတွက် အရာသာအရှိဆုံးအရာပဲ…

တချိန်က ဒီကေဘီအေ ဟာ ဆိုးသွမ်းမိုက်ရူးရဲ ခဲ့ပေမယ့် ကရင့်အမျိုးသားအလံတော်ကို ဆွဲကိုင်ထားသေးလို့  ကရင်ပြည်သူတွေက ခင်ဗျားတို့ ကို ကြိုးစားပြီး နားလည်ခွင့်ထားကြသည်။ ဒီတခါတော့ ကရင်အလံအောက်မှာ မင်းတို့ မရှိတော့ဘူး… မင်းတို့ လည်း မင်းတို့ ဘ၀ကို သေသေခြာခြာပြန်စဉ်းစားကြပေတော့…. မင်းတို့ ပါမကဘူး.. မင်းတို့ သားစဉ်မြေးဆက်တွေပါ ပျောက်ကွယ်ဖို့ ဒါလမ်းစပဲ….

ကရင်အမျိုးသားများ ကရင့်အမျိုးသားအလံတော်ကို ဘယ်လောက်တန်ဖိုးထား မြတ်နိုးသလဲ ဆိုတာ ဒီသီချင်းလေးကို နားထောင်ကြပါ။


Type the rest of your post here.

No comments:

Post a Comment