ondragstart="return false" onselectstart="return false"

Monday, August 9, 2010

ဗိုလ်မှူးစောလားပွယ်၏ တပ်သားများ KNU နှင့်ပူးပေါင်းပြီး မောင်ချစ်သူ၏ 999 တပ်များ ဗိုလ်မှူးစောလားပွယ် ဆီသို့ ပူးပေါင်းဝင်ရောက်လာ

စိတ်ဝင်စားစရာကောင်းတဲ့ သတင်းနှစ်ပုဒ်ပါ။ တစ်ခုက ဒီကေဘီဘေ ဗိုလ်မှူးစောလားပွယ် (ခေါ်) ဗိုလ်နှူတ်ခမ်းမွှေးဦးဆောင်သော တပ်မဟာ(၅)၏ ၉၀၂ တပ်ရင်းမှ တပ်သား ၆ ဦးသည် လက်နက်ခဲယမ်း အပြည့်အစုံနှင့် ကေအဲန်ယူဆီ ပြန်လည် ၀င်ရောက်ပူးပေါင်းလာပါသည်။ သူတို့ နှင့်အတူ ပါလာသော လက်နက်များမှာ ဂျီသရီး တလက်၊ ကာဘိုင်နှစ်လက်၊ အေကေ တစ်လက်၊ M-16 တစ်လက်၊ RPG-7 တလက် နှင့်ကျည့်ဆံအချို့ နှင့် ဗုံးသီးများပါဝင်သည်။

နောက်သတင်းတပုဒ်က ဒီကေဘီအေ တပ်မဟာ ၉၉၉ ၏ အထူးတပ်ရင်း(ဗိုလ်ကတုံးဦးစီး)မှ တပ်ခွဲ (၂) မှူး စောပလို နှင့် သူ၏ ရဲဘော် (၂၅)ဦး နှင့် မိသားစုဝင် သုံးစု သည် လက်နက်ကြီးငယ်(၃၀) လက်နှင့်အတူ ဗိုလ်မှူး စောလားပွယ်ဆီ သို့ သြဂုတ်လ (၆)ရက်နေ့ တွေ ၀င်ရောက်ပူးပေါင်းသွားပြီဖြစ်ကြောင့် ကွယ်ကလူ ကရင်သတင်းစဉ်တွင် ဖေါ်ပြထားပါသည်။

သူတို့ နှင့်အတူ ပါလာသောလက်နက်များမှာ လက်နက်ကြီးများ- ၆၀ မမ တလက်၊ RPG တလက်၊ M-16 စက်သေနတ် တလက်၊ M-79 တလက်၊ M16+79 နှစ်လက်၊ လက်နက်ငယ်များဖြစ်သော AK-47၊ M-16၊ ကာဘိုင် စုစုပေါင်း (၂၅)လက် စသည်တို့ ဖြစ်သည်။

ဒီကေဘီအေ တပ်မဟာ ၉၉၉ ၏ အထူးတပ်ရင်းမှ တပ်ခွဲ(၂)မှူး စောပလို ဦးဆောင်သော တပ်များ ဗိုလ်မှူး စောလားပွယ်နှင့် ပူးပေါင်းသွားပြီဖြစ် ကြောင်း သိရှိရသည့်နောက်ပိုင်းတွင် အထူးတပ်ရင်းမှူး ဗိုလ်ကတုံးသည် စောပလို၏ နေအိမ်သို့ သွားပြီး ဇီးရှိသော(ကိုယ်ဝန်ရှိ) ၀က်မ တစ်ကောင်၊ ကြက်၊ ဘဲများကို အကုန်သတ်ပစ်ပြီး စက်ဘီးနှစ်စီးကိုယူပြီး တစ်အိမ်လုံးကို ဖျက်ဆီးပစ်လိုက်ကြောင်း၊ သည့်ပြင် တပ်ခွဲ(၂)မှူး စောပလိုနှင့် နောက်လိုက်သွားသော ရဲဘော်များ၏ မြ၀တီရှိ ဆွေမျိုးများကှိုဗိုလ်ကတုံးမှ တစ်ဦးကို ကျပ်(၅၀၀၀၀) တောင်းယူကြောင်း ကွယ်ကလူသတင်းတွင် ပါရှိပါသည်။

DKBA တပ်တွင်း အင်မတန်မ သြဇာကြီးပါတယ် ဆိုပြီး သတင်းမွှေးနေတဲ့ ဗိုလ်မှူး ချစ်သူ၏ ၉၉၉ တပ်မှ တပ်ခွဲ တစ်ခွဲ ယခုလို ခွဲထွက်သွားတာကို ကြည့်ခြင်းဖြစ် ကိုယ်ကျိုးကိုသာ ကြည့်ပြီး နယ်ခြားစောင့်တပ်ကို လက်ခံလိုက်တဲ့ ကိစ္စကြောင့် ဗိုလ်ချစ်သူကို ဒီကေအီအေတပ်တွင်း ယုံကြည်လက်ခံမည့်သူနည်းပါးလာပြီး သူ့ အတွက် ရှေ့ အလားအလာ သိပ်မကောင်းတော့ဘူးဟုဆို ရပါမည်။ အတည်မပြုရသေးသော သတင်းတချို့ တွင် ဗိုလ်ချစ်သူ၏ အောက်ခြေ တပ်များ ဆက်လက် ထွက်ခွာလာဖို့ ရှိသည်ဟု စုံစမ်းသိရိရပါသည်။

ကွယ်ကလူသတင်းကို ဖတ်ရန်

Dkba 902 join KNLA and DKBA 999 join Nakamway

3 comments:

Anonymous said...

စစ်ဖြစ်လျင်
သခင်မဲ့သော အိမ်နှင့်
အိမ်မရှိသောသခင်ကို တွေ့မည်။

စစ်ဖြစ်လျင်
ခင်ပွန်းမရှိသော ဇနီးနှင့်
ဇနီးမရှိသော ခင်ပွန်းကို တွေ့မည်။

စစ်ဖြစ်လျင်
အဖေမရှိသောသားနှင့်
သားမရှိသော အဖေကိုတွေ့မည်။

စစ်ဖြစ်လျင်
ခြေထောက်မရှိသော ခန္ဓာကိုယ်နှင့်
ခန္ဓာကိုယ်မရှိသော ခြေထောက်ကိုတွေ့မည်။

စစ်ဖြစ်လျင်
ကျွဲနွားမရှိသော စားကျက်နှင့်
စားကျက်မရှိသော ကျွဲနွားတို့ကိုတွေ့မည်။

စစ်ဖြစ်လျင်
ယမ်းငွေ့တွေဝေ၍
ကပ်ရောဂါများနှင့် ၀မ်းနည်းကြေကွဲမှုကို ကြုံမည်။

ငါတို့ စစ်ကို နှိပ်ကွပ်ကြပါစို့။

ငါတို့ စစ်ကို မဖြစ်ကြပါစို့။ ။

Anonymous said...

စစ်ဖြစ်ခြင်း မဖြစ်ခြင်းဆိုဒါ နအဖ စစ်ခွေးများပေါ်မူတည်သည်။ အပြစ်မဲ့ ပြည်သူတွေကို လက်နက်အားကိုး ဒုက္ခပေးနေသ၍ ဒီလိုပဲ ခေါင်းငုံကြမလား.. လူမျိုးစုတွေကို မျိုးဖြုတ်သုတ်သင် မဟာဝါဒ ဒီတိုင်းပြည်မှာ ရှိနေသ၍ တိုက်ပွဲတွေ ဆိုဒါ ရှိနေအုံးမှာပဲ။

Anonymous said...

ကနေဒါနိုင်ငံတွင်ခွေး(၃)ကောင်အသတ်ခံရသဖြင့်အထူး
ဝမ်းသာရပါကြောင်းအကြောင်းကြားပါသည်

Post a Comment