ondragstart="return false" onselectstart="return false"

Monday, August 30, 2010

အသွင်ပြောင်းရေးလက်ခံထားသည့် အပစ်ရပ် SSA အား တိုင်းမှူးသစ် လက်နက်ချခိုင်း

နယ်ခြားစောင့်တပ် ပြောင်းပြီးသွားတဲ့ ဒီကေဘီအေ ရဲ့ဘော်တို့ လည်းမကြာမီမျှော်...

Monday, 30 August 2010 17:25 သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့ လက်အောက်ခံ တပ်မဟာ ၇ နှင့် ၃ တဖြစ်လဲ ပြည်သူ့စစ်အဖွဲ့များအား စက်တင် ဘာလ ၁ ရက်နေ့တွင် လက်နက်အပ်ရန် လားရှိုးစစ်တိုင်းမှူးသစ် ဗိုလ်မှူးချုပ်အောင်ကျော်ဇောက စစ်တိုင်းမှူးတာဝန် စတင် ယူသည့် သြဂုတ်လ ၂၇ ရက်နေ့က ညွန်ကြားလိုက်ကြောင်း သိရသည်။

“အခုတိုင်းမှူးအသစ်က တပ်မဟာ ၇ နဲ့ ၃ ပြည်သူ့စစ်အဖွဲ့တွေကို မင်းတို့သျှမ်းတွေ ပြည်သူ့စစ်လုပ်ဖို့ မလိုတော့ဘူး နောက်လ ၁ ရက်နေ့ လုံးဝလက်နက်ချရမယ်လို့ ညွန်ကြားလိုက်ပြီ” ဟု ၎င်းအဖွဲ့နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

အသွင်သဏ္ဍန်အရ နအဖလက်တွင်းရှိ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသည့် အဆိုပါ သျှမ်းတပ်ဖွဲ့များအပေါ်ယုံကြည် မှုမရှိသဖြင့် လက်နက်ချခိုင်း ခြင်းဖြစ်ကြောင်း သိရသည်။

“တပ်မဟာ ၇ နဲ့ ၃ ကတော့ တချို့တလေပြည်သူ့စစ် ယူနီဖေါင်းလဲထားပြီးပြီ ဒါပေမဲ့ အချင်းချင်း ဆက်သွယ်မှုရှိနေလို့ ယုံကြည်မှု မရှိလို့ပေါ့ ” ဟု သူကဆက်ပြောသည်။

အသက်ကြီးပိုင်းနှင့် မိသားစုဝင်များသည် တိုင်းမှူးသစ်၏ ညွန်ကြားချက်အတိုင်း လက်နက်ချချင်ချမည်ဖြစ် သော်လည်း လူလတ်ပိုင်း များက ပြည်သူ့စစ်လက်မခံသည့် တပ်မဟာ ၁ သို့ ဘက်ပြောင်း လာနိုင်ကြောင်း သူက သုံးသပ်သည်။

ယခုရာထူးမှ အနားယူလိုက်သော စရဖချုပ် ဒု ဗိုလ်ချုပ်ကြီးရဲမြင့်က သီပေါမြို့နယ် စိန်ကျော့ အခြေစိုက် အထူးဒေသ (၃) အပစ်ရပ်အက်အက်အေ တပ်ဖွဲ့အား ပြည်သူ့စစ်ဖွဲ့စည်းရန် လွန်ခဲ့သည့်နှစ် ဇွန်လ ၃ ရက်နေ့က လားရှိုးစစ်တိုင်းရုံးသို့ ခေါ်ယူပြောကြားခဲ့သည်။

ယင်းအဆိုကို လက်ခံရန် အက်အက်အေတပ်ဖွဲ့အတွင်း အချိန်ယူဆွေးနွေးခဲ့ပြီး သျှမ်းတပ်ဖွဲ့ လက်အောက်ခံ တပ်မဟာ ၃ ခုအနက် တပ်မဟာ ၇ နှင့် ၃ တို့က ယင်းအဆိုကို ယခုနှစ် ဧပြီလက လက်ခံခဲ့သည်။

သို့သော် ဗိုလ်ချုပ်ပန်ဖှ ပန်ဖ ဦးဆောင်သည့် တပ်မဟာ ၁ ကမူ ပြည်သူ့စစ်ဖွဲ့ရေးကို ယနေ့အထိ ငြင်းဆန်နေ၏။
တပ်မဟာ ၇ နှင့် ၃ သည် နအဖလက်တွင်းကျ အနေအထားမျိုးရောက်သွားပြီး တပ်မဟာ ၁ မှာ သျှမ်းပြည်တပ်မတော် အဖြစ် ဆက်လက်ရပ်တည်နေသည့် အနေအထားဖြစ်သည်။

၎င်းအဖွဲ့သည် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ အတူတကွ ဆောင်ရွက်ရန်နှင့် နောင်တက်လာသည့် အစိုးရနှင့်နိုင်ငံရေး ဆွေးနွေးရန် သဘောတူညီချက် ၃ ချက်ဖြင့် ၁၉၈၉ တွင် န၀တစစ်တပ်နှင့် အပစ်ရပ်ငြိမ်းချမ်းရေးရယူခဲ့သည်။

သြဂုတ် ၂၀ , ၂၂ ရက်များ၌ အပစ်ရပ် လက်နက်ကိုင်တပ်ဖွဲ့များအား စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် (သို့မဟုတ်) လက်နက်ချရန် စရဖချုပ်က ထပ်မံသတိပေးပြောကြားခဲ့သော်လည်း အပစ်ရပ်အဖွဲ့များက လက်မခံကြောင်း တုန့်ပြန်ခဲ့သည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/1060--ssa-

No comments:

Post a Comment