ondragstart="return false" onselectstart="return false"

Thursday, July 24, 2014

သမိုင်းလိမ်တွေကို မြေလှန်ကြဖို့ 

မွန်သမိုင်းကိုလေ့လာနေပါတယ်။ ထိုင်းနိုင်ငံသမိုင်းမှာတော့ ထိုင်းနိုင်ငံရယ်လို့ ဖြစ်မလာခင်က ပထမအစဆုံး ရ၀ခေါ် လ၀ ရှေးလူမျိုးတွေအခြေချနေထိုင်ခဲ့ကြောင်း လ၀ခေတ်ပြီးတော့ မွန်ခေတ်ဖြစ်ကြောင်း အတိအလင်းဖေါ်ပြထားပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပွန်း လမ်းပန်းကစပြီး အနောက်တောင်ပိုင်းလွတ်ဘူရီခရိုင် သုဝဏ္ဏဘူမိ သထုံခရိုင် တနသာင်္ရီ ပဲခူးတိုင်း အစရှိတဲ့နယ်ပယ်တွေဟာ မွန်နိုင်ငံရဲ့ အစိတ်အပိုင်းတွေဖြစ်ခဲ့တယ်လို့ ထိုင်းသမိုင်းကဆိုပါတယ်။ နောက်ပိုင်းမှာ ရှမ်းလူမျိုးတွေ များပြားလာပြီး မြို့ ပြတည်ထောင်လာကြတယ်`။ ရှိရင်းစွဲမွန်တွေက ခမာတွေနဲ့ ပူးပေါင်းရောနှောပြီး ခမာခေတ်ရောက်တယ်။ နောက်ပိုင်းမှာရှမ်းခေတ်တခါပြန်ဖြစ်လာတယ်။ အနောက်ဘက်ရှမ်းပြည်နယ် စကိုင်းတိုင်းနဲ့ ပုဂံ အင်းဝ အထိ တောင်ဘက်က တနသာင်္ရီတိုင်း နဲ့မလေးရှားအထိ ရှမ်းတွေပြန့် နှံသွားခဲ့တယ်။ ဒီကနေတဆင့် မလေးတို့ လာအိုတို့ ကြွဲပားနိုင်ငံတွေဖြစ်လာသလို တနသာင်္ရီတိုင်းနဲ့ သျှမ်းပြည်နယ်ဟာလဲ အင်္ဂလိပ်လက်ထဲကို တရားဝင်ကျရောက်သွားတယ်။

(မွန်နဲ့ ရခိုင်လဲ အင်္ဂလိပ်လက်ထဲတခေတ်ထဲမှာ ကျရောက်သွားတာဖြစ်တယ်။လက်ရှိအတုအရောင်ပြည်ထောင်စုစနစ်အရ လွတ်လပ်ရေးရပြီးမှ မွန်ရခိုင်ရှမ်းတွေက အဂ်လိပ်လက်ကနေ ဗမာလက်ထဲပြန်ရောက်သွားတဲ့ အနေအထားနဲ့ အနှစ်သာရမျိုးဖြစ်နေတယ်)။

မွန်ခမာခေတ်ကနေတဆင့် စူခိုထိုင်းရှမ်းတွေ တခေတ်ပြန်ကြီးထွားလာပြီး ခုလက်ရှိထိုင်းနိုင်ငံကိုထူထောင်နိုင်ခဲ့ကြတယ်။ ရတနကိုစင်မင်းဆက် (၅) မတိုင်ခင်က ရှမ်းShan ခေါ်(စယာမ်)Siam လို့ ဘဲ ခေါ်ခဲ့ကြရာကနေ ထိုင်ခေါ်ထိုင်းလို့ ပြောင်းလိုက်တာဖြစ်တယ်။ ထိုင်းစယမ် နဲ့ ဗြိတိသျှအခေါ် Shan က မူလက မျိုးကွဲအများကြီးရှိတဲ့ လူမျိးကြီး တမျိုးဖြစ်ခဲ့ပြိး မူရင်းလူမျိုးနာမယ်ကို "တိုင်း"လို့ ခေါ်ကြောင်း ဗြိတသျရှမ်းရော ထိုင်းရှမ်းတွေကပါ ဖေါ်ပြချက်တွေရှိနေတယ်။
ထိုင်ဆင်းသက်လာပုံအဆင့်ဆင့်နဲ့ ရှမ်းဆင်းသက်လာပုံအဆင့်ဆင့်ဟာလဲ သမိုင်းကြောင်းတခုထဲဖြစ်တယ်။ သမိုင်းစကွဲတာက ပြင်သစ် အင်္ဂလိင်္ပ်တွေအာရှကိုလွမ်းမိုးချယ်လှယ်နိုင်ကြတဲ့ ခေတ်ကစပါတယ်။ အဲဒီခေတ်က အပြောင်းအလဲမှန်သမျှဟာ ခုခေတ်အထိ အတည်ဖြစ်နေပါတယ်။
ဒီသမိုင်းတွေကိုခုခေတ်ထိုင်းတွေသိတ်စိတ်မ၀င်စားတာမို့ သိတ်မသိကြပါဘူး။

တကယ့် စပယ်ရှယ်လစ်သုတေသီတွေနဲ နိုင်ငံခြားကလာတဲ့ရှေးဟောင်းသုတေသီတွေလောက်သာသိကြတာတွေ့ ဖူးပါတယ်။ လူမျိုးရေးနိုင်ငံရေးပရောဂ ကင်းအောင်အားပြုရေးသားထားတဲ့ အေးရှားစတယ်ဒီက ကြားလူတွေရဲ့ သုတသနစာတန်းတွေဟာလဲ အများကြီးပိုပြီးယုတ္တိရှိပါတယ်။
မြန်မာပြည်မှာ ခုပြန်တွေ့ ရတဲ့ကျောက်စာတွေဟာ ထိုင်းလိုလို ရှမ်းလိုလို မွန်လိုလို ဖြစ်နေတယ်ဆိုတာက ဟိုခေတ်ကတကယ်ဘဲ အဲလို သူတပြန်ကိုယ်တပြန် ခေတ်ရှိခဲ့ကြလို့ ဘဲလို့  ယူဆရမှာပါ။ လွတ်လပ်ရေးရပြီးနောက်မှာရော ထဆင့်နေ၀င်းခေတ်မှာရော တပြည်ထောင် တမျိုးသား တည်ထောင်ရေးဝါဒနဲ့ လုပ်ဆောင်ချက်တွေကြောင့် သမိုင်းသက်သေအထောက်ထားဖျောက်ဖျက်တဲ့ခေတ်ကြီးကို ဖြတ်ကျော်ခဲ့ကြရတာကိုး။ ခုမှ တစ်ကပြန်စတဲ့အခါ တော်တော်လေးတော့ အနုစိတ်နှံ့စပ်ဖို့ လိုမှာပါ။ သမိုင်းကို အာဏာပိုင်တွေရဲ့ သဘောနဲ့ မှန်မမှန်အတည်ပြုတဲ့ခေတ်ကလဲ ဖျက်သိမ်းဖို့ လိုတယ်။

ပညာရေးဌာနကိုခုတုံးလုပ်ပြီး ကလေးတွေကို မမှန်ကန်တဲ့ သမိုင်းတွေကိုနိုင်ငံရေးရည်ရွယ်ချက်နဲ့ စနစ်တကျသွတ်သွင်းနေတာတွေကိုရပ်လိုက်ဖို့ လိုပြီ...။
သမိုင်းမှန်ကိုမသိရင် နိုင်ငံရေးပြသနာတွေကိုနားလည်ဖြေရှင်းပြုပင်နိုင်တဲ့ စေတနာနဲ့ အရည်အချင်းတွေ မပေါက်ပွားလာနိုင်ဘူ။ ဒီတော့သမိုင်းလိမ်တွေကို မြေလှန်ပြီး သမိုင်းမှန်တွေကိုသာ ၀ိုင်းဝန်းမြှင့်တင်ကြဖို့ ဆိုင်ရာများကို တောင်းဆိုချင်ပါတယ်။

လေးစားလျှက်
အဂ္ဂ

No comments:

Post a Comment