ondragstart="return false" onselectstart="return false"

Tuesday, July 8, 2014

မျှစ်နဲ့ကျန်းမာရေး

Written by မြင့်ကိုဝင်း

မုတ်သုံဝင်စ မိုးဦးကာလမှာတော့ မြန်မာနိုင်ငံတစ်ဝန်းမှာ ‘မျှစ်’ ကိုရာသီစာလို့လည်း ခေါ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ ဝါးရုံပင်တွေရဲ့အောက်မှာ မျှစ်စို့တွေ ထွက်ရှိနေတာပါ။ မြန်မာလူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီးဟင်းလျာအမျိုးမျိုး ပြုလုပ်စားသောက်တတ်ကြပါတယ်။ ဒါပေမဲ့ မျှစ်တွေကို ဆေးဆိုး ထားတယ်ဆိုတဲ့သတင်းထွက်လာပြီးနောက်မှာ မျှစ်ကိုစားဖို့လက်တွန့်သွားကြပါတယ်။ တချို့ကလည်း ရောင်းပန်းလှအောင် ဆေးဆိုးထားတဲ့ မျှစ်ကိုကြိုက်ကြတာမို့ ဈေးသည်တွေက မျှစ်ကိုသဘာဝအ ရောင်အတိုင်းမထားဘဲ အနီ၊ အဝါစတဲ့ အရောင်တွေဆိုးပြီးရောင်းကြတာပါ။ ဆိုးဆေးတွေမှာ စားဆေး၊ ဆိုးဆေးဆိုတာ ခွဲခြားထားပေမယ့် ဓာတုဆိုးဆေးတွေဖြစ်တာကြောင့် ဘယ်လောက် အန္တရာယ်ကင်းတယ်ပြောပြော အနည်းငယ်လောက်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေပါ တယ်။ အရောင်မလှပေမယ့် သဘာဝအတိုင်း မျှစ်ကိုရေနဲ့ပွက်ပွက်ဆူအောင်ပြုတ်ပြီးမှ လိုသလို ဖန်တီးချက်ပြုတ်စားသင့်ပါတယ်။ ဒါကြောင့်ဆေးမဆိုးထားတဲ့ မျှစ်တွေကိုရွေးချယ်စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့်ရရှိလာနိုင်တဲ့ ကျန်းမာရေးစွမ်းပကားတွေကို ဖော်ပြလိုက်ရပါတယ်။

- အစာချေစနစ်ကျန်းမာခြင်း

မျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ မျှစ်ဟာ အစာအိမ်ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်၊ ဝမ်းလျှောရောဂါကိုလည်း သက်သာစေပါတယ်။

- နာတာရှည်ရောဂါဖြစ်နိုင်ခြေ လျော့ကျစေခြင်း

မျှစ်မှာ ဖီနောလစ်အက်စ်စစ်များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှုလျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။ ဒါကြောင့်နှလုံးရောဂါအပါအဝင် နာတာရှည်ရောဂါတွေကို လျော့ကျစေပါတယ်။ မျှစ် မှာပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ပိုးသတ်အာနိသင်ရှိခြင်း

မျှစ်မှာ ဖိုင်ကိုကမ်မီကယ်များစွာ ပါဝင်တာကြောင့် ဖန်းဂတ်စ်မှိုတားအာနိသင်၊ ဗက်တီးရီးယား ဆန့် ကျင်တဲ့ အာနိသင်နဲ့ကင်ဆာတား အာနိသင်တို့ရှိကြပါတယ်။

- သွေးဖိအားကို ထိန်းသိမ်းပေးခြင်း

မျှစ်မှာ ပိုက်တက်စီယမ် ပါဝင်မှုများတာကြောင့် သွေးတိုးကိုကျစေပါတယ်။ မျှစ်ဟင်းတစ်ခွက်မှာ တစ် နေ့တာလိုအပ်တဲ့ ပိုတက်စီယမ်ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။

- မကောင်းသောအဆီကို ကျစေခြင်း

မျှစ်ဟာမကောင်းတဲ့ ကိုလက်စထရောအဆီ (LDL) ကိုလျော့ကျစေပါတယ်။ မျှစ်မှာကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင်အမျှင်ဓာတ်ပါဝင်မှုများပြီး မကြာ ခဏဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန်ထိန်းနေသူတွေအတွက် သင့်တော်ပါ တယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကိုလျော့ကျစေပါတယ်။

- ဝမ်းမှန်မှန်သွားစေခြင်း

မျှစ်မှာအမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး နာတာရှည်ဝမ်းချုပ်မှုမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျှစ်ဟင်းတစ်ခွက်စားပေးရင် တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ်ပမာ ဏကို ရရှိစေပါတယ်။

- အမျိုးသမီးများတွင် ရာသီစက်ဝန်းမှန်စေခြင်း

မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန်လာစေပါတယ်။

- သည်းခြေအိတ်ကို ကျန်းမာစေခြင်း

ရိုးရာဆေးနည်းအနေနဲ့ မျှစ်ကိုသည်းခြေအိတ်ဝေဒနာတွေ လျော့ကျဖို့အတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့အရင်ကအသုံးပြုခဲ့ကြပါတယ်။

- ဒဏ်ရာငယ်များကို သန့်စင်စေခြင်း

မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့မျှစ်ရည်ကို ဒဏ်ရာပေါ် လိမ်းပေးရင် အနာကျက်မြန်စေတယ်လို့တချို့က ယုံကြည်ကြပါတယ်။

- သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း

လိပ်ခေါင်းက သွေးထွက်နေရင်၊ ဂနိုဆီးပူညောင်းကျရောဂါဖြစ်နေရင် မျှစ်ကိုစားပေးပါက သက်သာစေ တယ်လို့ တချို့ကဆိုပါတယ်။

စံတော်ချိန်သတင်းစာ

ဇွန် (၁၄) ရက်၊ ၂၀၁၄ ခုနှစ်
http://www.maukkha.org/index.php/book-store/reading-room-maukkha/5627-2014-07-06-02-41-02

No comments:

Post a Comment