ondragstart="return false" onselectstart="return false"

Tuesday, July 1, 2014

ကျ ပ်သိန်း ၇၀၀ တန် KNLA စစ်ဦးစီးချုပ်၏ကား ရန်ကုန်တွင်ဖမ်းဆီးခံရ

ကားပါမစ်တွေအကုန်ရောင်းစားပစ်လို့ ဒီကားကြတော့ပါမစ်မရှိတော့ဘူးထင်ပါရဲ့...

ဇူလိုင် - ၁ - ၂၀၁၄

ရန်ကုန်မြို့ တွင်အသိမ်းခံရသည့် KNLA စစ်ဦးစီးချုပ်၏ လင့်ခရှုဇာကား
သတင်း - မန်းမျိုးမြင့်(မီဒီယာ)

ရန်ကုန်မြို့ တွင် ဖမ်းဆီးခံရသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ ကျ ပ်သိန်း ၇၀၀ တန် လင့်ခရှုဇာကားကို ပြန်ယူမည်မဟုတ်ဟု KNU ဘက်ကပြောသည်။

မြ၀တီမြို့ ရှိ KNU ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးဇောရိုးက" အဖမ်းခံရတာဟုတ်ပါတယ် ပြီးခဲ့တဲ့ ၂၃ ရက်နေ့ကပါ ကျနော်တို့ဘက်ကတော့ ဒီကားကိုပြန်ပေးရင်တောင် ပြန်ယူမှာမဟုတ်ဘူး"ဟု
ပြောသည်။

စစ်ဦးစီးချုပ်သည် နေပြည်တော်ရှိ နိုင်ငံတော်သမတကြီး ဦးသိန်းစိန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချု ပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်သွားရောက်တွေ့ဆုံစဉ်ကလည်း အဆိုပါကားနှင့်သာ သွားရောက်ခဲ့သည်ဟု ဗိုလ်မှူးဇောရိုးက ဖြည့်စွက်ပြောကြားသည်။

စစ်ဦးစီးချု ပ်၏ သားဖြစ်သူစောဒို့စိုးသည် ဖခင်ဖြစ်သူအတွက် ရန်ကုန်မြို့တွင် နိုင်ငံကူးလက်မှတ်သွားရောက်ထုတ်ယူရာ ပြီးခဲ့သည့် ၂၃ ရက်နေ့က ကမ္ဘာအေးဘုရားလမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးသည့်ယဉ်ထိန်းရဲက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် နယ်လုံဝန်ကြီးက ဖမ်းဆီးခိုင်းခြင်းဖြစ်သည်ဟုပြောဆိုပြီး မရမ်းကုန်းမြိုံ့ နယ်ယာဉ်မှုစစ် ဒုရဲမှူးက လိုင်စင်မဲ့ကားဖြစ်သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်သည်ဟုဆိုသည်။

ကရင်အမျိုးသားရေးဆောင်ရွက်နေသည့် ရန်ကုန်အခြေစိုက် နိုင်ငံရေးသမားတဦးက"အခုလိုမျိုး နိုင်ငံတော်က ကျောသားရင်သားမခွဲခြားဘဲ
ဥပဒေကိုလေးစားလိုက်နာတဲ့အတွက် ဂုဏ်ယူပါတယ်"ဟု ပြောဆိုသည်။

အဆိုပါကားကို စစ်ဦးချုပ်၏ ဆွေမျိုးသားချင်းများက ကျပ်သိန်း ၇၀၀ ဖြင့်
ဗိုလ်ချုပ်ကြိးစောဂျော်နီအတွက် ၀ယ်ယူပေးခဲ့ခြင်းဖြစ်သည်။

1 comment:

Unknown said...

သိန်း ၇၀၀ ကို နအဖကိုလှူမဲ့အတူတူ KNLA စစ်​သား​ဟောင်း ဒုက္ခိတ​တွေကိုလှူတာ​တောင်​ ကုသိုလ်​ ရ​နေဦးမယ်

Post a Comment