ondragstart="return false" onselectstart="return false"

Monday, July 7, 2014

NCCT နှင့် ပြည်တွင်းနိုင်ငံရေးပါတီ ၁၄ ခု ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဖွဲ့စည်းပုံအရေး ဆွေးနွေး

Written by ဖနိဒါ

ချင်းမိုင်၊ မဇ္ဈိမ။ ။ မြန်မာ့ငြိမ်းချမ်းရေးအတွက် ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၄ ပါတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)၊ အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB တို့ ဇူလိုင်လ ၇ ရက်က ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် တွေ့ဆုံကာ ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် အချက်များ ဆွေးနွေးခဲ့သည်ဟု NCCT၏ ဒု-ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

“သူတို့က တစ်ပြည်လုံးအပစ်အခတ် ရပ်စဲရေး လုပ်ဆောင်မှုအနေအထား ရောက်ရှိနေတဲ့ အဆင့်တွေ၊ ဒုတိယမူကြမ်းတို့ ဖက်ဒရယ် ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဆွေးနွေးတယ်။ သူတို့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါတယ်ဆိုတော့ လွတ်တော်မှာ ဆွေးနွေးနိုင်ဖို့ ကျွန်တော်တို့က သူတို့ကို လိုအပ်တဲ့အချက်အလက်တွေကို ပေးနိုင်ရင် ပိုကောင်းတယ်ဆိုပြီး အမြင်ဖလှယ်တာပါ”ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွင် ယခုကဲ့သို့ ပြည်တွင်း ပြည်ပ နိုင်ငံရေးအင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် လိုအပ်နေပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် လာရောက်တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်ဟု သူက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် NCCT ၏ ကြိုးပမ်းမှုအပေါ် အားရကျေနပ်သလို၊ အကျိုးများစွာ ရရှိသည်ဟု ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) UDPKS ပါတီ၏ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြောသည်။

“သူတို့အနေနဲ့ နေ့နေ့ညည ဆက်တိုက် မနားရဘဲ ကြိုးစားနေတယ်။ ဘယ်အဆင့် ဘယ်အဆင့်ထိ ကြိုးစားနေတယ်။ သိပ်မကြာခင် ရှေ့လပိုင်းမှာလည်း ပြန်ပြီး အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုစားနေတယ်ဆိုတဲ့ အချက်တွေကို ကျွန်တော်တို့ သိရတော့ သူတို့ ကြိုးစားနေတာကို ကျွန်တော်တို့ ကျေးဇူးတင်တယ်။ အားရှိတယ်။ သူတို့ ကြိုစားတဲ့ အတိုင်းဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်တဲ့ဘက်ကို သွားနေတယ်ဆိုတာ သိရှိရတယ်”ဟု သူ ပြောသည်။

ယင်းအပြင် တွေ့ဆုံဆွေးနွေးမှုတွင် အမျိုးသမီးများကို ဥပဒေပိုင်းဆိုင်ရာ ကာကွယ်ပေးရေးနှင့် အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍနှင့် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိစ္စများကို အဓိက တင်ပြဆွေးနွေးခဲ့သည်ဟု WLB မှ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။

“ဒါကိုတိုင်းရင်းသားခေါင်းဆောင်တွေက လက်မခံနေဘူး။ လွဲမှားတဲ့ အယူအဆတွေရှိနေမယ်ဆိုရင် တကယ် ဒုက္ခရောက်ခဲ့တဲ့ တိုင်းရင်းသူ အမျိုးသမီးတွေ အခုချိန်ထိ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ ဘယ်သူက ကာကွယ် စောင့်ရှောက်မှာလဲ။ အဓိက အခုချိန်မှာ ကာကွယ်စောင့်ရှောက်ခွင့် ကာကွယ်ခွင့်ကို တရားဝင်ပေးတာတာက ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တယ်”ဟု ဒေါ်တင်တင်ညိုက ပြောသည်။

၎င်းတို့၏ တွေ့ဆုံဆွေးနွေးမှုတွင် ရရှိလာသည့် အချက်အလက်များအပေါ် မူတည်ပြီး လွှတ်တော်သို့ တင်ပြဆွေးနွေးရန် ရှိနေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အောင်မြင်မည်ဟု အခြေအနေနှင့် အချိန်အခါ ပေါ်မူတည်၍ အောင်မြင်မည်ဟု ယူဆနေသည်ဟု ဆိုသည်။

အလားတူ ဇူလိုင် ၇ရက် မွန်းလွဲပိုင်း၌လည်း နိုင်ငံရေးပါတီကိုယ်စားလှယ်များက ပြည်ပအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး(KWAT) နှင့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း(SWAN) တို့နှင့် ဆက်လက် တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ပြည်ပရောက် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်ရေးအတွက် ရန်ကုန်အခြေစိုက် Forum of Foudation က ကမကထ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-8/item/24058-ncct

No comments:

Post a Comment