ondragstart="return false" onselectstart="return false"

Tuesday, September 23, 2014

၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့  - KNU ရဲ့ ကရင်လူထုတွေ့ဆုံပွဲမှ အမေးအဖြေများ အပိုင်း 1-2-3

ရုပ်သံမှတ်တမ်း - စောထီးမူး








Type the rest of your post here.

2 comments:

Unknown said...

မေးတဲ့သူတွေက ဘာမှမမေးခင်ကတည်းက ဒေါသထွက်နေကြသလိုပဲ။ KNU လူကြီးတွေကို ခေါင်းဆောင်လို့သာ သဘောထား၇င် ဒေါနဲ့မောနဲ့ပြောတာကို ဆင်ခြင်သင့်တယ်ထင်တယ်။ အေးအေးဆေးဆေးနဲ့ ပြန်ဖြေသွားတဲံ့ ဖထီးတို့ကို လေးစားပါတယ်။ KNU ဟာ သူတို့ရွေးချယ်ထားတဲ့ လမ်းကြောင်းကို လက်တွေ့ကျကျစဉ်းစားပြီးတော့မှ အဲဒီမူအပေါ်မှာ တကယ်ကိုယုံကြည်ပြီးသွားနေတာလို့ ယူဆပါတယ်။
ကျနော့်အမြင်ကတော့ ဒီမိုကရေစီဆိုတိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။ ဥပမာ - မျိုးစောင့်ဥပဒေကို ဒီမိုကရေစီနည်းကျကျ မဲခွဲဆုံးဖြတ်ကြည့်ပါလား။ ဒါဟာ ဒီမိုကရေစီပဲလေ။ ကျနော်တို့ လက်ခံကြမှာလား။
ကျနော်ယုံကြည်တာကတော့ KNU ဘယ်နည်းလမ်းကိုပဲရွေးရွေး ကရင်လူထုအားလုံး တစ်ယောက်မကျန် ၀ိုင်းရံပေးရင် အောင်မြင်မှာပဲ။ အခုသွားနေတဲ့ လမ်းပဲဖြစ်ဖြစ်၊ နောက်နည်းလမ်းတစ်ခုပဲဖြစ်ဖြစ် ကရင်တွေအားလုံးက ထောက်ခံပြီး ပါဝင်ပေးရင် မအောင်မြင်စရာမရှိဘူးလို့မြင် ပါတယ်။ အခုလိုပြောလို့ KNU ဘာလုပ်လုပ် သဘောတူပေးရမယ်၊ မျက်စိပိတ်နားပိတ်နေပေးရမယ်လို့မဆိုပါဘူး။ KNU တစ်ခုခုလုပ်လိုက်တိုင်း သူတို့ဆီက အကြောင်းပြချက် ကိုမကြားရခင် သူတို့ကိုဝေဖန်တဲ့အသံတွေကိုပဲ အရင်ကြားနေရလို့ပါ။
အခု UNFC ကထွက်တဲ့ ကိစ္စ လိုမျိုးကို ကရင်လူထုအားလုံးက ဒါမှန်တယ်၊ ဒါကိုထောက်ခံတယ် လို့ပြောကြည့်ပါလား။ ကျန်တဲ့ဘယ်လူမျိုးက ဘာပြောရဲမှာလဲ။ ဘယ်သတင်းဌာနက ဝေဖန်ရဲမှာလဲ။ ကရင်ရဲ့အခြေခံကျတဲ့ပြသနာက မိသားစုတွင်းပြသနာလို့ရိုးရိုးလေးပဲမြင်မိပါတယ်။ ကျနော်တို့မိသားစုဝင်တွေ တစ်သံတည်းထွက်ကြရင် ဘယ်လောက်ကောင်းလိမ့်မလဲ.........

Unknown said...

You are correct Si Thu!
We all Karen people must have a common sense, have to be vigilant and unities.

Post a Comment