ondragstart="return false" onselectstart="return false"

Friday, November 21, 2014

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွါး

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်

တအာင်းဒေသ၊ နမ္မတူမြို့နယ်၊ ဖာဆောင်ကျေးရွာအုပ်စု၊ ပန်မော်ခန်ကျေးရွာ အနီးတွင် ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၂၀ ရက် ယနေ့ ညနေ ၁၁း၀၀ နာရီမှ ၁၁း၃၀ နာရီ အချိန်ထိ တအာင်းတပ်မတော် တပ်ရင်း (၇၇၃) နှင့် မြန်မာ့တပ်မတော် ခမရ(၃၂၄) တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြသွား ပါမည်။

ယခုအချိန် ကာလသည် ဘိန်းစိုက်ပျိုးရာသီ အစရောက်ပြီဖြစ်I တအာင်းတပ်မတော်မှ ဘိန်းစိုက်တောင်သူများ ဘိန်းစိုက်ရာသီ အစကာလအတွင်း မြေပြင်ခြင်း စိုက်ပျိုးခြင်း မပြုလုပ်ရန် လူထုများအား လိုက်လံ အသိပေး ကွင်းဆင်းရာမှ မြန်မာ့တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခြင်းဖြစ်သည်။

PSLF/TNLA
သတင်းနှင့်ပြန်ကြားရေးဌာန
နိုဝင်ဘာ ၂၀ ရက်နေ့ တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တစ်ရက်အတွင်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွါး

Xxxxxxxxxxxxxxxxxxx xxxxxxxx

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်

တအာင်းဒေသ၊ မန်တုံမြို့နယ် မဝေါင်းကျေးရွာနှင့် ဆာလူကျေးရွာကြားတွင် ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၂၀ ရက် ယနေ့ ညနေ ၁၅း၀၀ နာရီ အချိန်တွင် တအာင်းတပ်မတော် တပ်ရင်း (၄၇၈) နှင့် မြန်မာ့တပ်မတော် (၈၈) တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

နမ္မတူမြို့နယ်၊ ဖာဆောင်ကျေးရွာအုပ်စု၊ ပန်မော်ခန်ကျေးရွာ အနီးတွင်လည်း ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၂၀ ရက် ယနေ့ ညနေ ၁၁း၀၀ နာရီမှ ၁၁း၃၀ နာရီ အချိန်ထိ တအာင်းတပ်မတော် တပ်ရင်း (၇၇၃) နှင့် မြန်မာ့တပ်မတော် ခမရ(၃၂၄) တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သေးသည်။

ယခု မဝေါင်းကျေးရွာနှင့် ဆာလူကျေးရွာကြားတွင် ဖြစ်ပွါးသောတိုက်ပွဲသည် တစ်ရက်အတွင်း ဒုတိယ အကြိမ်မြောက် တိုက်ပွဲဖြစ်ပွါးခြင်းဖြစ်သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြသွား ပါမည်။

PSLF/TNLA
သတင်းနှင့်ပြန်ကြားရေးဌာန


No comments:

Post a Comment