ondragstart="return false" onselectstart="return false"

Thursday, February 26, 2015

လောက်ကိုင်-ကုန်ကြမ်းဒေသ တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ ဆက်လက်ပြင်းထန်

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်-ကုန်းကြမ်းဒေသတွင် ယနေ့ဇန်န၀ါရီလ ၂၅ညနေ ၁၆း၃၀ နာရီမှ ယခုအချိန်ထိ တအာင်းတပ်မတော် ဗျူဟာ (၄) လက်အောက်ခံ တပ်ရင်း (၄၄၇) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင်နှစ်ဘက်ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။
အဆိုပါဒေသတွင် တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ နေ့စဉ်လိုလို ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဘိန်းခင်းများ လိုက်ဖျက်ဆီးနေသည့် တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်ပွား
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်
တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ ပန်ဆေးဒေသ၊ ပန်ဆေးရွာအနီးတွင် ယနေ့ဖေဖော်ဝါရီလ ၂၅ ရက် ညနေ ၁၅း၁၅ နာရီမှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း (၇၆၅)နှင့် မြန်မာ့တပ်မတော်၊ ပန်ဆေးပြည်သူ့စစ် အဖွဲ့တို့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင်နှစ်ဘက်ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။
တအာင်းဒေသအတွင်း၊ တအာင်းတပ်မတော်သည် ဘိန်းစိုက်ရာသီတွင် ဘိန်ခင်းများ နှစ်စဉ် ဖျက်ဆီးလျှက်ရှိရာ ယခု ၂၀၁၅ ခုနှစ်တွင် ဇန်န၀ါရီလ ဒုတိယပတ်မှစတင်ဖျက်ဆီးခဲ့ရာ ဇန်န၀ါရီလတတိယပတ်တွင် မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ဘိန်းခင်းဖျက်ဆီးခြင်း ရပ်နားခဲ့ရသည်။ ယခုလ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ယာယီရပ်နားထားသော ဘိန်းခင်းဖျက်ဆီးခြင်းလုပ်ငန်းများအား ဆက်လက်ဖျက်ဆီးခဲ့ရာ နမ့်ခမ်းမြို့နယ်၊ ပန်းဆေးဒေသ အရောက်တွင် မြန်မာ့တပ်မတော်နှင့် ပန်းဆေးပြည်သူ့စစ် အဖွဲ့မှ ဘိန်းခင်းဖျက်ဆီးနေသည့် တအာင်းတပ်မတော်အား စတင်ပစ်ခတ်ရာမှ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်သည်။
သတင်နှင့်ပြန်ကြားရေးဌာန
PSLF/TNLA

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲပြင်းထန်နေဆဲ ယနေ့တစ်ရက်တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တအာင်းတပ်မတော် လှုပ်ရှားရာနယ်မြေ ကုန်းကြမ်း-လောက်ကိုင်ဒေသ၊ တာရွှေထန် အနီးတွင် ယနေ့ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀း၀၀ နာရီမှ ၁၁း၀၀ အထိ တအာင်းတပ်မတော် ဗျူဟာ(၅) လက်အောက်ခံ တပ်ရင်း (၄၄၇)နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင်နှစ်ဘက်ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။
တာမိုးညဲမြို့နယ်ခွဲနှင့် မုံးစီးအကြားတွင်လည်း ၁၂း၄၅မှ ၁၃း၃၀ နာရီအထိ တအာင်းတပ်မတော် ဗျူဟာ(၄) လက်အောက်ခံ တပ်ရင်း (၅၇၁)နှင့် မြန်မာ့တပ်မတော်တို့ ဒုတိယအကြိမ် တိုက်ပွဲဆက်လက်ဖြစ်ပွားရာ မြန်မာ့တပ်မတော်ဖက်မှ (၃) ဦးကျဆုံးသည်။ တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။
၎င်းနောက် တာမိုးညဲမြို့နယ်ခွဲ၊ မန်ဆာကျေးရွာနှင့် နမ့်ဝမ်းကျေးရွာကြားတွင် ဗျူဟာ(၄) လက်အောက်ခံ တပ်ရင်း (၅၇၁) ၁၅း၀၀နာရီမှ ၁၅း၄၅ နာရီအထိ တတိယအကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင်နှစ်ဘက်ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။

သတင်နှင့်ပြန်ကြားရေးဌာန


No comments:

Post a Comment