ondragstart="return false" onselectstart="return false"

Friday, February 6, 2015

တအာင်းဒေသ၊ မိုးမိတ်-မိုးကုတ် နယ်စပ် တိုက်ပွဲ ဆက်စပ်သတင်း

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်

တအာင်းဒေသ၊ မိုးမိတ်-မိုးကုတ် နယ်စပ်တွင် တအာင်းတပ်မတော်(TNLA)နှင့် မြန်မာ့တပ်မတော်တို့ ဇန်န၀ါရီလ(၄) ရက်နေ့တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွါးမှု မရှိသော်လည်း ဇန်န၀ါရီ (၄)ရက်နေ့နံနက်(၀၉း၀၀)နာရီတွင် မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ် ၊ တိုက်လေယာဉ်တို့ဖြင့်အဆိုပါဒေသတစ်ဝိုက်အား ၀ဲပျံပြီး တအာင်းတပ်မတော် တပ်စွဲထားသောတောင်ကုန်း၊တောတောင်အတွင်း ဗုံးကြဲခြင်း၊ ထိုနေ့မှာပင် ဆိုင်းလိန်ရွာသား တစ်ဦးအား တအာင်းတပ်မတော်ဟုစွပ်စွဲပြောဆိုကာ၊ ရိုက်နက်စစ်ဆေးခြင်း၊ ဇန်န၀ါရီလ(၅) ရက်နေ့တွင်လည်း ဆိုင်းလိန်ရွာသား ၂ ဦးအား TNLA စစ်သားဟုစွပ်စွဲကာ ဖမ်းဆီးစစ်ဆေးရိုက်နက်ပြီး ယခုချိန်ထိ ပြန်လည်လွတ်ပေးမှုမရှိသေးပါ။

ဇန်န၀ါရီ ၅ရက်နေ့တွင် ကင်းထောက်လေယာဉ် (၂)စီး တိုက်ပွဲဖြစ်ပွါးရာ ဧရိယာသို့ ၀ဲပျံပြီး တအာင်းတပ်မတော်ရှိနိုင်သည့်နေရာ ပစ်မတ်ရှာဖွေ လျှက်ရှိသည်။ ထို့အပြင်၎င်းဒေသသို့ မြန်မာ့တပ်မတော်မှ စစ်ကြောင်းထပ်မံ အင်အားဖြည့် ထိုးစစ်ဆင်လာပြီး ကျေးရွာအတွင်း လူနေအိမ်များအတွင်း ၀င်ရောက်စစ်ဆေးခြင်း ရွာလုံးကျွတ် ထွက်ပြေးသွားသဖြင့် ရွာစောင့်အဖြင့်ချန်ထားသည့်အမျိုးသားများအား ခေါ်ယူစစ်ဆေး ကြိမ်းမောင်းနေခြင်း တို့ကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွါးမှုမရှိသော်လည်း စစ်ရှောင် ရပ်ရွာပြည်သူများမှ မိမိရပ်ရွာအိုးအိမ်သို့ မပြန်လာရဲသေးဘဲ ဖြစ်နေကြကြောင်း စုံစမ်း မေးမြန်း သိရှိရသည်။

သတင်နှင့်ပြန်ကြားရေးဌာန
PSLF/TNLA


No comments:

Post a Comment