ondragstart="return false" onselectstart="return false"

Thursday, April 16, 2015

သင်္ကြန်တွင်း တိုက်ပွဲပြင်းထန်၊ အစိုးရဘက်က ၁၆ ဦး ကျဆုံး ၁၀၀ ကျော်ဒဏ်ရာရ

by နိုရင်း

သင်္ကြန်ကာလအတွင်း အစိုးရတပ်တွေနဲ့ ကိုးကန့်တိမ်းရှောင်တပ်တွေ အကြား တိုက်ပွဲတွေ ပြင်းထန် ဆက်လက်ဖြစ်ပွားနေပြီး အစိုးရဘက်က စစ်သည် ၁၆ ဦးကျဆုံးကာ ၁၁၀ ဦးဒဏ်ရာရသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အင်းအားရာချီရှိတဲ့ ကိုးကန့်တပ်တွေ ဘန်ကာတွေနဲ့ အခိုင်အမာ ခံစစ်ဆင်ထားတဲ့ ပါစင်ကျော် အရှေ့မြောက်ဘက် ပေ ၅၁၀၀ ကျော်မြင့်မားတဲ့ ပွိုင့်-၁၅၈၄ တောင်ကုန်း အပါအဝင် စန်တအိုက်ရှန် ကုန်းမြင့်ဒေသကို ဧပြီလ ၁၅ ရက်မွန်းလွဲပိုင်းက သိမ်းပိုက်ရရှိတယ်လို့ဆိုပါတယ်။

အဆိုပါတောင်ကုန်းအား ဧပြီ ၅ ရက်နေ့ကတည်းက စပြီးတပ်မတော်စစ်ကြောင်းတွေက လက်နက်ကြီ ပစ်ကူနဲ့ သံချပ်ကာတိုက်ယာဉ်ပစ်ကူတွေယူကာ ၄၆ ကြိမ် လှံစွပ်ထိုး တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကလည်း ကိုးကန့် ခြေကုတ်စခန်း တာကထန်ကျေးရွာနီး တောင်ကုန်းကို တပ်မတော်စစ်ကြောင်းတွေက တိုက်ခိုက်သိမ်းယူရာမှာ အစိုးရစည်သည် ၅ ဦး သေဆုံးပြီး ၁၈ ဦးဒဏ်ရာရသွားတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း ကိုးကန့်ဘက်က အလောင်း ၂ လောင်း၊ အာရ်ပီဂျီ ၈ လက် အပါအ၀င် လက်နက်မျိုးစုံနဲ့ ကျည်ဆန်တွေ အများအပြား သိမ်းဆည်း ရမိတယ်လို့လည်း ဆိုပါတယ်။

မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် (အမ်အန်ဒီအေအေ) ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းကတော့ ဧပြီ ၁၄ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားမှုရှိပေမယ့် မနေ့ကတော့ တိုက်ပွဲမရှိကြောင်းနဲ့ တိုက်ပွဲကြောင့်လည်း သူတို စခန်းကျသွားတာ မရှိဘူးလို့ ပြောပါတယ်။

“ကျနော်တို့ဒီ တိုက်ပွဲဖြစ်ပြီးတော့ ကျသွားတဲ့စခန်းဆိုတာ မရှိပါဘူး။ ကျနော်တို့ မဟာဗျူဟာအရ ခိုးထန်ဘက်မှာ ကျနော်တို့ စခန်းသေးသေးလေးတွေရှိတယ်။ ကျနော်တို့ ဗျူဟာအရ နောက်ဆုတ်ထားတာရှိပါတယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်ပြီးတော့ ကျသွားတာတော့မရှိပါဘူး။”

ဖေဖော်ဝါရီ ၉ ရက်က စတင်ခဲ့တဲ့ ကိုးကန့်ဒေသ တိုက်ပွဲတွေမှာ ကိုးကန့်ဘက်က ထိခိုက်သေဆုံးသူ ၇၀ ပတ်ဝန်းကျင်ရှိပြီး အစိုးရတပ်ဘက်ကတော့ ၁၈၀၀ လောက်ထိရှိ တယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။


No comments:

Post a Comment