ondragstart="return false" onselectstart="return false"

Tuesday, May 5, 2015

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ဖိလစ်ပိုင်ကို မြန်မာနိုင်

မေ ၄ ရက်က ဗီယက်နမ်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပွဲစဉ် အုပ်စု (ခ) ဒုတိယပွဲစဉ်မှာ မြန်မာက ဖိလစ်ပိုင်ကို ၄ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲမှာ ဖိလစ်ပိုင်အသင်းက ပင်နယ်တီကနေ ဦးဆောင်ဂိုး စတင် သွင်းယူနိုင်ခဲ့တာပါ။ မြန်မာအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို နော်အားလိုဝါးဖောနဲ့ ခင်မိုးဝေက သွင်းယူပါတယ်။

ဒီပွဲမှာ နော်အားလိုဝါးဖော် ၃ ဂိုးသွင်းယူပြီး ဟက်ထရစ် ရယူနိုင်ခဲ့ပါတယ်။

ဒီပွဲနိုင်လို့ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု (ခ)မှာ ၃ မှတ်ရပြီး အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ဗီယက်နမ် ၆ မှတ်နဲ့ ဦးဆောင်နေပါတယ်။

အုပ်စု (ခ) နောက်ဆုံးပွဲစဉ်အဖြစ် မေ ၆ ရက်မှာ မြန်မာအမျိုးသမီးအသင်းဟာ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲမှာ အနိုင်ရရင် ဆီးမီးဖိုင်နယ်ကို တက်ရောက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

တဖက် အုပ်စု (က)မှာတော့ လောလောဆယ် ကစားပြီးတဲ့ ၂ ပွဲမှာ သြစတြေးလျယူ ၂၀ အသင်းက ၆ မှတ်နဲ့ ဦးဆောင်နေပြီး ထိုင်းက ၃ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဓာတ်ပုံ (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖေ့ဘွတ်ခ်)


Type the rest of your post here.

No comments:

Post a Comment