ondragstart="return false" onselectstart="return false"

Friday, May 1, 2015

မြန်မာ့တပ်မတော်လေက (KNU) နယ်မြေအတွင်းဗုံးကြဲ

စစ်မှန်သော ဗမာအစိုးရဲ့ငြိမ်းချမ်းရေး... ၀ါးဟားဟားဟား.......

မေ - ၁ - ၂၀၁၅

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၂ ဌာနချုပ်တည်ရှိရာအနီးရှိ ယော်လို တွင် မြန်မာ့တပ်မတော်လေက ဗုံးကြဲချမှုနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) က ကန့်ကွက်ပြောဆိုလိုက်သည်။

အဆိုပါဗုံးကြဲချမှုကို ယနေ့နှင့်ပြီးခဲ့သည့် ဗုဒဟူးနေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုလ ၇ ရက်နေ့ထိ ဆက်လက်ပြုလုပ်သွားရန်ရှိကြောင်း သတင်းရရှိထားသည်ဟု (KNU) တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲကပြောသည်။

၎င်းက လက်ရှိနိုင်ငံရေးအခင်းအကျင်း အနေအထားများအရ ဗုံးကြဲချမှုများသည် မလုပ်သင့်မဖြစ်သင့်သည့် အနေအထားများဖြစ်သည်ဟုလည်း ပဒိုစောသောသီဘွဲက ဖြည့်စွက်ပြောဆိုသည်။

မြန်မာစစ်တပ်ဘက်ကမူ အဆိုပါဗုံကြဲချမှုသည် တပ်မတော်လေမှစစ်ရေးလေ့ကျင့်မှုသာဖြစ်သည်ဟု ဒေသခံရွာသားများကို ပြောဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၂ ဌာနချုပ်သည် တောင်ငူခရိုင်အတွင်း တည်ရှိသည်။

ကရင်အမျိုးသား- မီဒီယာ


Type the rest of your post here.

No comments:

Post a Comment