ondragstart="return false" onselectstart="return false"

Wednesday, November 11, 2015

၂၀၁၅ ရွေးကောက်ပွဲ နှင့် ကရင်ပါတီများ

"ကရင်ပါတီတွေ အခြေအနေမကောင်းတော့ ကရင့်အမျိုးသားနိုင်ငံရေးအတွက် တစ်ခုတည်းအားကိုးစရာကျန်တာက KNU ပဲရှိတော့တယ်"

၂၀၁၅ ရွေးကောက်ပွဲရလဒ်က ကရင်ပါတီအားလုံးအတွက်သင်္ခန်းစားအကြီးကြီးပဲရသွားပြီ။ သူတို့ တွေမနိုင်ရတဲ့အကြောင်းအရင်းထည့်မှာ ပါတီများလာတဲ့အချက်က အဓိက အချက် တချက် လည်း ဖြစ်တယ်။

ပြီးတော့ ကရင်လူထုတွေလည်း အမျိုးသားနိုင်ငံရေးကို သိပ်နားမလည်ဘူး ၀မ်းနည်းစရာကောင်းတယ်၊ ခုဆိုလွတ်တော်မှာက ကရင်ကိုယ်စားပြုစကားပြောဖို့ တစ်ယောက်မှာတောင်မရှိဘူး သနားစရာကောင်းသလို ရှက်စရာလည်းကောင်းတယ်
NLD ထဲက ကရင်ကိုယ်စားလည်းတွေ အနိုင်ရတာ ၀မ်းသာတယ် သူတို့ အတွက်လည်းဂုဏ်ယူတယ်။

ဒါပေမယ့်သူတို့ တွေက ပါတီအကျိုးအတွက်နဲ့ပဲသွားမှာ အချိန်ကုန်မှာ။ သူတို့ ကိုယ်နိုက်ဘယ်လောက်ပဲအမျိုးချစ်သည့်တိုင် သူတို့ ပါတီရဲ့မူဘောင်တွေကိုကျော်ပြီးဘာမှပြောလို့ မရဘူးလုပ်လို့ မရဘူး။

အကယ်၍ ကရင်ပါတီက ကရင်ကိုယ်းစားလည်တစ်ဦး ကရင့်အရေးအတွက် အဆိုတခုတင်သွင်းတယ် ဆိုပါစို့  NLD က ကရင်တွေ ၀ိုင်းထောက်ခံပေးလို့ ရတယ်။ အဲဒီလောက်ပဲ NLD က ကရင်ကိုယ်စားလှယ်တွေ သူတို့ အမျိုးကိုသူကူညီနိုင်မယ်။

အခုဟာက ဘယ်ကရင်ပါတီမှ တက်မလာတော့ NLD က ကရင်တွေ ကရင့်အရေးအတွက်ဘယ်လို မှ အဆိုတင်သွင်း ဦးဆောင်ဆွေးနွေးလို့ မရဘူး။

ခုအခြေအနေအရ ငါတို့ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေအတွက် ရခိုင်နဲ့  ရှမ်းကိုယ်စားလှယ်တွေကို ပဲအားကို ရတော့မယ်အနေအထားဖြစ်နေတယ်။

ကရင်ပါတီတွေ အခြေအနေမကောင်းတော့ ကရင့်အမျိုးသားနိုင်ငံရေးအတွက် တစ်ခုတည်းအားကိုးစရာကျန်တာက KNU ပဲရှိတော့တယ်။ ကေအဲန်ယူတောင့်ခံဖို့ လိုတယ်။ အဖွဲ့ အစည်းအတွင်းအားနည်းချက်တွေကို ပြပြင်ပြောင်းလည်းပြီး အမျိုးသားအတွက်မားမားမတ်မတ်ရပ်တည်ဖို့ လိုနေပြီ။


Type the rest of your post here.

2 comments:

Maw Tha said...

I am agree with you because too many party and too many people want to be the King. They should combine their resource in one instead of several party. There is also a good thing that they don't win because they don't have power to confront with the army. Burma is not in the path of true Democracy yet. we will how much NLD will succeed, act and struggle. After Burma become true Democracy you will see the true Karen color. Don't worry for now.

Unknown said...

ကရင်ပါတီတွေကိုနားလည်ပေးပါ ပါတီသက်တမ်း နဲ့ လူမျိုးရေးအရ ဖိနိပ်ခံရမှုကဗမာတွေထက်တမျိုးပိုတယ်ပကတိအခြေအနေအရ NLD ကိုဘဲအားပေးသင့်တယ် စစ်အာဏာရှင်ကိုအပြီးတိုင်အရင်ဖယ်ရှားရမယ် တကယ်စစ်မှန်တဲ့ DEMOCRACY ကာလရောက်ပြီးမှ နိုင်ငံရေးအရကရင်တွေအတွက် ပါတီနိုင်ငံရေး လုပ်ခွင့်ဆိုတာပီပြင်လာမှာပါ လက်ရှိ KNU ကိုနိုင်ငံရေးအရအားကိုးလို့ မရပါသိန်းစိန်အောင်မင်းတို့ ရဲ့ နိုင်ငံရေးလှည့်ခွက်နဲ့ ဟန်ရောင်ဝေရဲ့ငြိမ်းချမ်းရေးပွဲစားကစားကွက်အောက်မှောက်ရက်သားရောက်ပြီး တိုင်းရင်သားဘ၀တူတွေကိုကျောခိုင်းတာ မဟာအမှားဘဲ အုပ်စိုးသူအစိုးရမှာ လုပ်စားသူကြီးစိုးသလို တော်လှန်ရေးအဖွဲ့ အတွင်းမှာလည်းဒီလိုလူစားအများကြီးဆိုဒါသိရင် KNU ဘာကြောင့် အဆင့် ရော့ ကျသွာရသလဲဆိုတာနားလည်မှာပါ

Post a Comment