ondragstart="return false" onselectstart="return false"

Saturday, November 14, 2015

တအာင်းဒေသ တိုက်ပွဲဆက်လက်ပြင်းထန်

အနာဂတ်မှာ NLD အစိုးရကိုင်တွင်ရမယ့် စိန်ခေါ်မှူတွေ....

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်

တအာင်းဒေသ၊ တပ်မဟာ (၁) နယ်မြေ၊ မန်တုံမြို့နယ်၊ ပန်ကန်းကျေးရွာတွင် ယနေ့နိုဝင်ဘာ ၁၄ ရက်နေ့နံနက် ၁၁း၃၀ နာရိမှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း (၈၇၆/၄၇၈/၁၀၁) တပ်ဖွဲ့ဝင်အချို့နှင့် မြန်မာ့တပ်မတော် တပ်မ (၇၇) တို့နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြသွားပါမည်။
အဆိုပါဒေသတွင် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နံနက် ၁၀း၂၀ နာရီမှ ညမိုးချုပ်သည်အထိဖြစ်ပွားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲကြောင့် ပန်ကန်းကျေးရွာနေပြည်သူများ တစ်ရွာလုံး တိုက်ပွဲရှောင်သွားပြီး မြန်မာ့တပ်မတော်မှ ကျေးရွာအတွင်း ၀င်ရောက်ကာ ကျေးရွာပြည်သူများ မွေးမြူထားသော ကြက်၊ ၀က်များ အဓမ္မသတ်ဖြတ်စားသောက်နေကြသည်။

သတင်းနှင့်ပြန်ကြားရေးဌာန


Type the rest of your post here.

No comments:

Post a Comment