ondragstart="return false" onselectstart="return false"

Wednesday, December 2, 2015

တအာင်းနယ်မြေသို့ကျူးကျော်ဝင်ရောက်လာသော RCSS/SSA စစ်ကြောင်း နှင့် TNLA တိုက်ပွဲဖြစ်ပွားရာ မြန်မာ့တပ်မတော်က ရှမ်းတပ်ဖွဲ့အားကူညီပစ်ခတ်ပေး

ညီနောင်တိုင်းရင်းသားအချင်းချင်း စစ်မဖြတ်အောင် အတတ်နိုင်ဆုံးရှောင်ကြပါဗျို့ .. နောက်ဆုံးမှာ ဒိုင်ခွေးကြီးပဲစားသွားမယ်...

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လှုပ်ရှားရာ နမ့်ခမ်းမြို့နယ်၊ မန်တုံမြို့နယ် ဒေသတွင်းသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော် RCSS/SSA သည် နယ်မြေကျူးကျော် ဝင်ရောက် လှုပ်ရှားလာ သဖြင့် နိုဝင်ဘာလ ၂၇ ရက် နေ့မှစတင်ပြီး တိုက်ပွဲဖြစ်ပွားကြရာ မြန်မာ့တပ်မတော် တပ်မ (၈၈)၊ တပ်မ(၇၇) စစ်ကြောင်းတို့က ရှမ်းတပ်ဖွဲ့ ဖက်မှနေပြီးကူညီပစ်ခတ်ပေးသဖြင့် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိ ပါသည်။
နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသရှိ အွည်လောရွာ အနီးတွင် ၂၇ ရက်နေ့လည် ၁၃း၀၀ နာရီခန့်မှစတင်ပြီး TNLA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၄၇၈) နှင့် ရှမ်းပြည်တပ်မတော် RCSS/SSA စစ်ကြောင်းတို့ စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် အွည်လောရွာနှင့် ပန်ကနိုင်းရွာအကြား လှုပ်ရှားနေသော TNLA တပ်ဖွဲ့ဝင်များအား ရှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့သို့ ထိုးစစ်ဆင်လာသဖြင့် ညနေ ၁၅း၃၀ နာရီခန့်မှ ညမိုးချုပ်သည်အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပါသည်။

နိုဝင်ဘာလ ၃၀ ရက် မနက်မိုးလင်းသည်နှင့် နမ့်ခမ်းမြို့နယ်-မန်တုံမြို့နယ် အစပ်တွင်းရှိ နော်ရဲဝ် (မန်အောင်)၊ မတ်ဝေါင်း၊ ပိန်းကိုင်၊ လူမ်အဘလ၊ လွယ်ကျင်း၊ ပန်ကနိုင်း၊ မန်ဝင်း၊ ဟိုပန် အစရှိသော ကျေးရွာများအနီးတွင် မိမိတို့ တအန်းတပ်မတော် TNLA သည် ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာ့တပ်မတော် ပူးပေါင်းစစ်ကြောင်းတို့နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိပါသည်။
မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် RCSS/SSA ဖက်မှ ထိခိုက်ဒါဏ်ရာရရှိမှု၊ ကျဆုံးမှုများ ရှိကြပါသည်။ မိမိတို့ တအန်းတပ်မတော်ဖက်မှလည်း ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်။
ရှမ်းပြည်တပ်မတော် RCSS/SSA သည် NCA အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့တွင်ပါဝင်ပြီး မြန်မာ့တပ်မတော်နှင့်နားလည်မှုယူကာ နမ့်ခမ်းဒေသ၊ မန်တုံဒေသသို့တိုးချဲ့နေရာယူရန် လှုပ်ရှားလာခြင်းဖြစ်သည်။ နှစ်ဖက်ထိတွေ့မှုတိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နိုင်ဖွယ်ရှိပါသည်။
ယခုကဲ့သို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အချင်းချင်း ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်မှုမျိုး မဖြစ်ပွားစေရန် တအန်းတပ်မတော်လှုပ်ရှားနယ်မြေအတွင်း မ၀င်ရောက်ရန် အကြိမ်ကြိမ်မေတ္တာရပ်ခံခြင်း၊ တားဆီးခြင်း ပြုလုပ်ခဲ့သော်လည်း ရှမ်းပြည်တပ်မတော် RCSS/SSA မှ အတင်းဝင်ရောက်လာကာ မိမိတပ်ဖွဲ့ကိုလည်း စတင်ပစ်ခတ်မှုကြောင့် ယခုကဲ့သို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန



No comments:

Post a Comment